18 ``အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ လောကတွင်သင်တို့တားမြစ်သမျှကိုဘုရား သခင်သည်ကောင်းကင်ဘုံ၌တားမြစ်တော်မူ လိမ့်မည်။ လောကတွင်သင်တို့ခွင့်ပြုသမျှ ကိုကောင်းကင်ဘုံ၌ခွင့်ပြုတော်မူလိမ့်မည်။
19 ``ထို့ပြင်အမှန်အကန်သင်တို့အားငါဆိုသည် ကား၊ လောကတွင်သင်တို့အနက်လူနှစ်ယောက် မျှစိတ်တူသဘောတူ၍ဆုတောင်းပတ္ထနာပြု ပါလျှင် ကောင်းကင်ဘုံရှင်ငါ၏ခမည်းတော် သည်သင်တို့တောင်းလျှောက်သမျှသောအရာ ကိုပေးသနားတော်မူလိမ့်မည်။-
20 အဘယ်ကြောင့်ဆိုသော်လူနှစ်ယောက်သုံးယောက် တို့သည်ငါ့နာမကိုအမှီပြု၍စုဝေးလျှင် စု ဝေးရာတွင်သူတို့နှင့်အတူငါရှိမည်ဖြစ် သောကြောင့်တည်း။
21 ထိုနောက်ပေတရုသည်အထံတော်သို့ချဉ်းကပ် ၍ ``အရှင်ဘုရား၊ အကျွန်ုပ်၏ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှားလျှင်သူ့အားအကြိမ်မည် မျှအပြစ်ဖြေလွှတ်ရပါမည်နည်း။ ခုနစ်ကြိမ် တိုင်အောင်ဖြေလွှတ်ရပါမည်လော'' ဟုမေး လျှောက်၏။
22 သခင်ယေရှုက ``ခုနစ်ကြိမ်တိုင်အောင်ဖြေလွှတ်ရ မည်ဟုသင့်အားငါမဆို။ အကြိမ်ခုနစ်ဆယ် ခုနစ်လီတိုင်အောင်ဖြေလွှတ်ရမည်ဟုငါဆို၏။-
23 သို့ဖြစ်၍ကောင်းကင်နိုင်ငံတော်သည်မိမိ၏ကျွန် များနှင့်စာရင်းရှင်းလိုသည့်ဘုရင်တစ်ပါး ကြုံတွေ့ရသည့်အဖြစ်အပျက်နှင့်တူ၏။-
24 သူသည်စာရင်းစ၍ရှင်းသောအခါငွေသန်းပေါင်း များစွာကြွေးတင်သူလူတစ်ယောက်ကိုခေါ်စေ၏။-