21 ထိုနောက်ပေတရုသည်အထံတော်သို့ချဉ်းကပ် ၍ ``အရှင်ဘုရား၊ အကျွန်ုပ်၏ညီအစ်ကိုသည် အကျွန်ုပ်ကိုပြစ်မှားလျှင်သူ့အားအကြိမ်မည် မျှအပြစ်ဖြေလွှတ်ရပါမည်နည်း။ ခုနစ်ကြိမ် တိုင်အောင်ဖြေလွှတ်ရပါမည်လော'' ဟုမေး လျှောက်၏။
22 သခင်ယေရှုက ``ခုနစ်ကြိမ်တိုင်အောင်ဖြေလွှတ်ရ မည်ဟုသင့်အားငါမဆို။ အကြိမ်ခုနစ်ဆယ် ခုနစ်လီတိုင်အောင်ဖြေလွှတ်ရမည်ဟုငါဆို၏။-
23 သို့ဖြစ်၍ကောင်းကင်နိုင်ငံတော်သည်မိမိ၏ကျွန် များနှင့်စာရင်းရှင်းလိုသည့်ဘုရင်တစ်ပါး ကြုံတွေ့ရသည့်အဖြစ်အပျက်နှင့်တူ၏။-
24 သူသည်စာရင်းစ၍ရှင်းသောအခါငွေသန်းပေါင်း များစွာကြွေးတင်သူလူတစ်ယောက်ကိုခေါ်စေ၏။-
25 ထိုသူသည်ထိုအကြွေးကိုပေးဆပ်နိုင်စွမ်းမရှိ သဖြင့်မင်းကြီးကထိုသူနှင့်တကွသားမယား၊ ဥစ္စာပစ္စည်းရှိသမျှတို့ကိုရောင်း၍ပေးဆပ်စေ ရန်အမိန့်ချမှတ်တော်မူ၏။-
26 သို့ဖြစ်၍ထိုသူသည်မင်းကြီး၏ရှေ့တွင်ဝပ်တွား လျက် `အကျွန်ုပ်ကိုသည်းခံတော်မူပါ။ အကြွေး များပြေလည်အောင်ပေးဆပ်ပါမည်' ဟုလျှောက်၏။-
27 မင်းကြီးသည်သူ့ကိုသနားသဖြင့်အကြွေးများ ကိုစာရင်းမှပယ်ဖျက်ပြီးလျှင်လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်၏။''