28 ``သို့ရာတွင်သူသည်ထွက်သွားသောအခါမိမိ အားအကြွေးငွေတစ်ရာပေးဆပ်ရန်ရှိသူကျွန်ချင်း တစ်ယောက်ကိုတွေ့လျှင် ထိုကျွန်၏လည်ကိုကိုင်ညှစ် ၍ `သင်ပေးဆပ်ရန်ရှိသောအကြွေးကိုပေးဆပ် လော့'' ဟုဆို၏။-
29 ထိုကျွန်သည်ဒူးထောက်လျက် `အကျွန်ုပ်ကိုသည်းခံ ပါ။ အကြွေးရှိသမျှကိုပေးဆပ်ပါမည်' ဟုတောင်း ပန်၏။-
30 သို့ရာတွင်ကြွေးရှင်သည်နားမထောင်ဘဲမိမိ၏ အကြွေးကိုပြေလည်အောင်မပေးမဆပ်မချင်း ထိုကျွန်ကိုအကျဉ်းချထားလေသည်။-
31 ထိုအခြင်းအရာကိုအခြားသောကျွန်ချင်းတို့ သိမြင်လျှင်လွန်စွာစိတ်ဆိုး၍ မိမိတို့၏အရှင် ထံသို့သွားပြီးလျှင်ဖြစ်ပျက်သမျှတို့ကို လျှောက်ထားကြ၏။-
32 ထိုအခါမင်းကြီးသည်ထိုကျွန်ကိုခေါ်၍`ဟယ် ကျွန်ယုတ်၊ သင်ငါ့ကိုတောင်းပန်သောအခါသင် ပေးဆပ်ရန်အကြွေးရှိသမျှကိုငါပယ်ဖျက် ခဲ့၏။-
33 သင့်ကိုငါသနားသကဲ့သို့သင်သည်လည်း ကျွန်ချင်းကိုမသနားအပ်သလော' ဟုဆို၏။-
34 မင်းကြီးသည်အမျက်ထွက်၍ထိုကျွန်ကိုအကြွေး မကျေမချင်းအကျဉ်းချထားလေ၏။''