26 ဒုတိယညီ၊ တတိယညီစသည်ဖြင့်ညီအစ်ကို ခုနစ်ယောက်စလုံးပင်ထိုအမျိုးသမီးနှင့်စုံ ဖက်ပြီးနောက်သားသမီးမရဘဲသေဆုံးကြ ပါ၏။-
27 နောက်ဆုံး၌အမျိုးသမီးသည်လည်းသေပါ၏။-
28 သို့ဖြစ်၍သေခြင်းမှရှင်ပြန်ထမြောက်ရာနေ့၌ အမျိုးသမီးသည်ညီအစ်ကိုခုနစ်ယောက်အနက် မည်သူ၏ဇနီးဖြစ်ပါမည်နည်း'' ဟုမေးလျှောက် ကြ၏။
29 သခင်ယေရှုက ``သင်တို့သည်ကျမ်းစာတော်ကို နားမလည်ကြ။ ဘုရားသခင်၏တန်ခိုးတော် ကိုလည်းမသိကြ။ သို့ဖြစ်၍အယူလွဲလျက် နေကြ၏။-
30 လူတို့သည်သေခြင်းမှရှင်ပြန်ထမြောက်ကြသော အခါထိမ်းမြားစုံဖက်ခြင်းကိုမပြုတော့ပြီ။ သူ တို့သည်ကောင်းကင်တမန်များကဲ့သို့ဖြစ်ကြ လိမ့်မည်။-
31-32 သေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်းရှိရမည် အကြောင်းနှင့်ပတ်သက်၍ `ငါသည်အာဗြဟံ၏ ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားပေတည်း' ဟုဘုရားသခင်မိန့်တော်မူသည်ကိုသင်တို့မဖတ် ဖူးကြသလော။ ကိုယ်တော်သည်သေလွန်သူတို့၏ ဘုရားမဟုတ်။ ရှင်နေသူတို့၏ဘုရားဖြစ်၏' ဟု မိန့်တော်မူ၏။
33 ထိုသွန်သင်ချက်ကိုလူပရိသတ်တို့ကြားသော အခါအံ့သြကြ၏။