မဿဲ 22:34-43 BCL

34 ဇဒ္ဒု​ကဲ​တို့​မ​ချေ​ပ​နိုင်​အောင်​ဤ​သို့​သခင်​ယေရှု ဖြေ​ကြား​တော်​မူ​လိုက်​ကြောင်း​ကို​ဖာ​ရိ​ရှဲ​တို့ ကြား​လျှင်​အ​ထံ​တော်​သို့​စု​ရုံး​လာ​ကြ​၏။-

35-36 သူ​တို့​အ​ထဲ​မှ​ကျမ်း​တတ်​ဆ​ရာ​တစ်​ယောက် က ``ဆ​ရာ​တော်၊ ပ​ညတ်​ကျမ်း​မှာ​အ​ဘယ်​ပ​ညတ် သည်​အ​ကြီး​မြတ်​ဆုံး​ဖြစ်​ပါ​သ​နည်း'' ဟု​ပ​ရိ ယာယ်​ဆင်​၍​မေး​လျှောက်​လေ​၏။-

37-38 ကိုယ်​တော်​က ``သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို​စိတ်​စွမ်း​ရှိ​သ​မျှ၊ ကိုယ်​စွမ်း​ရှိ​သ​မျှ၊ ဉာဏ်​စွမ်း ရှိ​သ​မျှ​နှင့်​ချစ်​ရ​မည်​ဟူ​သော​ပညတ်​သည်​ပ​ထ​မ အ​ကြီး​မြတ်​ဆုံး​ပ​ညတ်​ဖြစ်​၏။-

39 ဒု​တိ​ယ​အ​ကြီး​မြတ်​ဆုံး​ပ​ညတ်​ကား၊ အိမ်​နီး​ချင်း ကို​ကိုယ်​နှင့်​အ​မျှ​ချစ်​ရ​မည်​ဟူ​သော​ပ​ညတ် ဖြစ်​၏။-

40 ဤ​ပညတ်​နှစ်​ပါး​တို့​သည်​မောရှေ​၏​ပ​ညတ်​ကျမ်း တစ်​စောင်​လုံး​နှင့်​ပ​ရော​ဖက်​ကျမ်း​များ​၏​အ​ချုပ် အ​ခြာ​ပင်​ဖြစ်​သ​တည်း'' ဟု​မိန့်​တော်​မူ​သည်။

41-42 ဖာ​ရိ​ရှဲ​တို့​စု​ရုံး​မိ​ကြ​သော​အ​ခါ​သခင်​ယေရှု က ``မေ​ရှိ​ယ​ကို​သင်​တို့​မည်​သို့​ထင်​မြင်​ယူ​ဆ ကြ​သ​နည်း။ သူ​သည်​မည်​သူ​၏​သား​မြေး​ဖြစ် သ​နည်း'' ဟု​မေး​တော်​မူ​၏။ထို​သူ​တို့​က ``ဒါ​ဝိဒ်​၏​သား​မြေး​ဖြစ်​ပါ​သည်'' ဟု​လျှောက်​ကြ​လျှင်၊

43 ကိုယ်​တော်​က ``သို့​ဖြစ်​ပါ​မူ​ဒါဝိဒ်​မင်း​သည်​သန့်​ရှင်း သော​ဝိ​ညာဉ်​တော်​၏​နှိုး​ဆော်​ချက်​ဖြင့်​မေ​ရှိ​ယ​ကို အ​ရှင်​ဟု​အ​ဘယ်​ကြောင့်​ခေါ်​ပါ​သ​နည်း။ဒါ​ဝိဒ်​မင်း​ကြီး​က၊