1 ထိုနောက်သခင်ယေရှုသည်လူပရိသတ်နှင့် တပည့်တော်တို့အား၊
2 ``ကျမ်းတတ်ဆရာနှင့်ဖာရိရှဲများသည်မောရှေ ၏ပညတ်ကျမ်းကိုအဋ္ဌိပ္ပါယ်ဖွင့်ပြရန်အခွင့် အာဏာရရှိထားသူများဖြစ်ကြ၏။-
3 သို့ဖြစ်၍ထိုသူတို့ပြောဆိုသွန်သင်သမျှ အတိုင်းလိုက်နာပြုကျင့်ကြလော့။ သို့သော် သူတို့သည်မိမိတို့ဟောသည့်အတိုင်းမကျင့် ကြသဖြင့်သူတို့ကျင့်သကဲ့သို့မကျင့်ကြနှင့်။-
4 သူတို့သည်လေးလံ၍အထမ်းရခက်သည့်ဝန်ထုပ် များကိုသူတစ်ပါးတို့အားထမ်းစေကြ၏။ မိမိ တို့ကိုယ်တိုင်မူထိုဝန်ထုပ်များကိုလက်ဖျားနှင့် မျှမတို့လိုကြ။-