17 လူမိုက်တို့၊ သင်တို့၏မျက်စိသည်ကန်းလှသည် တကား။ အဘယ်အရာကပို၍အရေးကြီးပါ သနည်း။ ရွှေလော။ သို့မဟုတ်ရွှေကိုမြင့်မြတ် သန့်ရှင်းစေသည့်ဗိမာန်တော်လော။-
18 လူတစ်စုံတစ်ယောက်သည်ယဇ်ပလ္လင်ကိုတိုင်တည် ၍ကျိန်ဆိုလျှင်ထိုကျိန်ဆိုချက်သည်အတည် မဖြစ်။ ယဇ်ပလ္လင်ပေါ်ရှိပူဇော်သကာကိုတိုင်တည် ၍ကျိန်ဆိုလျှင်မူကားအတည်ဖြစ်၏' ဟုသင် တို့ဆိုကြ၏။-
19 သင်တို့၏မျက်စိသည်ကန်းလှသည်တကား။ အဘယ်အရာကပို၍အရေးကြီးပါသနည်း။ ပူဇော်သကာလော။ သို့မဟုတ်ပူဇော်သကာကို မြင့်မြတ်သန့်ရှင်းစေသည့်ယဇ်ပလ္လင်လော။-
20 ယဇ်ပလ္လင်ကိုတိုင်တည်၍ကျိန်ဆိုသူသည်ယဇ်ပလ္လင် နှင့်တကွယဇ်ပလ္လင်ပေါ်မှာရှိသမျှတို့ကိုပါ တိုင်တည်၍ကျိန်ဆိုသတည်း။-
21 ဗိမာန်တော်ကိုတိုင်တည်၍ကျိန်ဆိုသူသည်ဗိမာန် တော်နှင့်တကွဗိမာန်တော်တွင်ကျိန်းဝပ်တော်မူ သောအရှင်ကိုပါတိုင်တည်၍ကျိန်ဆိုသတည်း။-
22 ကောင်းကင်ဘုံကိုတိုင်တည်၍ကျိန်ဆိုသူသည် ဘုရားသခင်၏ပလ္လင်တော်နှင့်တကွ ထိုပလ္လင် ပေါ်မှာစံနေတော်မူသောအရှင်ကိုပါကျိန် ဆိုသတည်း။''
23 ``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် ပင်စိမ်း၊စမွတ်နှင့်ဇီယာတို့ကိုဆယ်ဖို့တစ်ဖို့ ပေးလှူကြသော်လည်းတရားမျှတမှု၊ သနား ကြင်နာမှု၊ ရိုးသားဖြောင့်မတ်မှုစသည့်ပညတ် ကျမ်းမှအကယ်ပင်အရေးကြီးသောသွန်သင် ချက်များကိုမူကားလျစ်လူပြုကြ၏။-