မဿဲ 23:22-28 BCL

22 ကောင်း​ကင်​ဘုံ​ကို​တိုင်​တည်​၍​ကျိန်​ဆို​သူ​သည် ဘု​ရား​သ​ခင်​၏​ပလ္လင်​တော်​နှင့်​တ​ကွ ထို​ပလ္လင် ပေါ်​မှာ​စံ​နေ​တော်​မူ​သော​အ​ရှင်​ကို​ပါ​ကျိန် ဆို​သ​တည်း။''

23 ``ကြောင်​သူ​တော်​ဖာ​ရိ​ရှဲ​နှင့်​ကျမ်း​တတ်​ဆ​ရာ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် ပင်​စိမ်း၊စ​မွတ်​နှင့်​ဇီ​ယာ​တို့​ကို​ဆယ်​ဖို့​တစ်​ဖို့ ပေး​လှူ​ကြ​သော်​လည်း​တ​ရား​မျှ​တ​မှု၊ သ​နား ကြင်​နာ​မှု၊ ရိုး​သား​ဖြောင့်​မတ်​မှု​စ​သည့်​ပ​ညတ် ကျမ်း​မှ​အ​ကယ်​ပင်​အ​ရေး​ကြီး​သော​သွန်​သင် ချက်​များ​ကို​မူ​ကား​လျစ်​လူ​ပြု​ကြ​၏။-

24 လမ်း​ပြ​သည့်​မျက်​မ​မြင်​တို့၊ သင်​တို့​သည်​ခြင် ကောင်​မ​မျို​မိ​စေ​ရန်​သောက်​ရေ​ကို​စစ်​၍​သောက် ကြ​၏။ သို့​ရာ​တွင်​ကု​လား​အုတ်​ကို​ကား​မျို​ချ ကြ​ပါ​သည်​တ​ကား။''

25 ``ကြောင်​သူ​တော်​ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​အ​မင်္ဂ​လာ​ရှိ​ကြ​၏။ သင်​တို့​သည် ပန်း​ကန်​ခွက်​ယောက်​များ​၏​ပြင်​ပ​ကို​စင်​ကြယ် အောင်​ဆေး​ကြော​ကြ​သော်​လည်း သင်​တို့​၏​စိတ် အ​တွင်း​မှာ​ကား​လော​ဘ​လွန်​ကူး​မှု​နှင့် အ​ကြမ်း​ဖက်​မှု​တို့​ဖြင့်​ပြည့်​လျက်​နေ​၏။-

26 မျက်​မ​မြင်​ဖာ​ရိ​ရှဲ​တို့၊ ပန်း​ကန်​ခွက်​ယောက်​များ အ​တွင်း​ဘက်​ကို​ဦး​စွာ​ဆေး​ကြော​ကြ​လော့။ သို့ ပြု​လျှင်​ပြင်​ပ​သည်​လည်း​သန့်​ရှင်း​စင်​ကြယ် လာ​လိမ့်​မည်။''

27 ``ကြောင်​သူ​တော်​ကျမ်း​တတ်​ဆ​ရာ​နှင့်​ဖာ​ရိ​ရှဲ​တို့၊ သင်​တို့​သည်​ထုံး​ဖြူ​သုတ်​သော​သင်္ချိုင်း​ဂူ​များ​နှင့် တူ​ကြ​၏။ ထို​ဂူ​တို့​သည်​ပြင်​ပ​သဏ္ဌာန်​အား​ဖြင့် လှ​သော်​လည်း အ​တွင်း​၌​မူ​ကား​လူ​သေ​အ​ရိုး နှင့်​ပုပ်​နေ​သော​အ​လောင်း​ကောင်​တို့​ဖြင့်​ပြည့် နှက်​နေ​တော့​၏။-

28 ထို​နည်း​တူ​သင်​တို့​သည်​လည်း​ပြင်​ပ​သဏ္ဌာန်​အား ဖြင့် လူ​တို့​ရှေ့​တွင်​သူ​တော်​ကောင်း​များ​ဟု​ထင်​ရ သော်​လည်း စိတ်​အ​တွင်း​၌​ကား​သူ​တော်​ကောင်း ယောင်​ဆောင်​မှု​နှင့်​ဆိုး​ညစ်​မှု​များ​ဖြင့်​ပြည့် လျက်​နေ​တော့​၏။''