30 ထိုနောက်သင်တို့က `ငါတို့သာဘိုးဘေးတို့၏ခေတ် ကအသက်ရှင်ခဲ့မည်ဆိုပါက၊ ပရောဖက်များကို သတ်ဖြတ်သည့်အမှုတွင်ပါဝင်ခဲ့ကြမည်မဟုတ်' ဟုဆိုကြ၏။-
31 သို့ဖြစ်၍သင်တို့သည်ပရောဖက်များကိုသတ် ဖြတ်သူတို့၏သားမြေးများဖြစ်ကြောင်းဝန်ခံ ကြလေပြီတကား။-
32 သင်တို့၏ဘိုးဘေးများစတင်ကူးလွန်ခဲ့သည့် အပြစ်ကိုအပြီးတိုင်အောင်ဆက်လက်ကူးလွန် ကြလော့။-
33 အချင်းမြွေဆိုးများနှင့်မြွေဆိုး၏သားမြေး တို့၊ သင်တို့သည်ငရဲသို့လားရမည့်ဘေးဒဏ် မှအဘယ်သို့လွတ်နိုင်ကြပါမည်နည်း။-
34 သင်တို့အားငါဆိုသည်ကား၊ သင်တို့ထံသို့ ပရောဖက်များ၊ ပညာရှိများ၊ ကျမ်းတတ်ဆရာ များကိုငါစေလွှတ်မည်။ သင်တို့သည်ထိုသူ အချို့တို့ကိုသတ်ဖြတ်ကြ၍အချို့ကိုလက် ဝါးကပ်တိုင်တွင်တင်ကြလိမ့်မည်။ အချို့ကိုမူ တရားဇရပ်များတွင်ကြိမ်ဒဏ်ပေး၍အချို့ ကိုမူတစ်မြို့ပြီးတစ်မြို့လိုက်လံဖမ်းဆီးကြ လိမ့်မည်။-
35 ထို့ကြောင့်အပြစ်ကင်းသူအာဗေလမှစ၍ သန့် ရှင်းရာဌာနတော်နှင့်ယဇ်ပလ္လင်အကြားတွင် အသတ်ခံရသည့်ဗာရခိ၏သား၊ ဇာခရိတိုင် အောင်အပြစ်ကင်းသူများကိုသတ်ဖြတ်ခဲ့သည့် အတွက်သင်တို့သည်အပြစ်ဒဏ်ခံရပေအံ့။-
36 ဤအမှုအရာအပေါင်းတို့အတွက်ဤခေတ် လူတို့သည်အပြစ်ဒဏ်ခံရကြလိမ့်မည်ဟု အမှန်အကန်သင်တို့အားငါဆို၏။''