1 သခင်ယေရှုသည်ဗိမာန်တော်မှထွက်ခွာသွား တော်မူစဉ်တပည့်တော်တို့သည်အထံတော်သို့ ချဉ်းကပ်၍ ဗိမာန်တော်အဆောက်အအုံများ ကိုကိုယ်တော်အားပြကြ၏။-
2 ကိုယ်တော်က ``ဤအဆောက်အအုံအပေါင်းကို သင်တို့မြင်ကြသည်မဟုတ်လော။ အမှန်အကန် သင်တို့အားငါဆိုသည်ကား ဤအဆောက်အအုံ တို့သည်ကျောက်တစ်တုံးပေါ်တစ်တုံးတင်၍ မကျန်ရစ်သည်တိုင်အောင်ပြိုပျက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
3 ကိုယ်တော်သည်သံလွင်တောင်ပေါ်တွင်တစ်ကိုယ်တည်း ထိုင်နေတော်မူစဉ်တပည့်တော်တို့သည်အထံတော် သို့ချဉ်းကပ်၍ ``အရှင်မိန့်တော်မူသောအမှုအရာ များသည်အဘယ်အခါကာလ၌ဖြစ်ပျက်ပါမည် နည်း။ အရှင်ကြွလာတော်မူချိန်နှင့်ကပ်ကမ္ဘာကုန်ဆုံး ချိန်၌အဘယ်နိမိတ်များပေါ်ထွန်းပါမည်နည်း။ အကျွန်ုပ်တို့အားမိန့်တော်မူပါ'' ဟုလျှောက်ထား ကြ၏။
4 သခင်ယေရှုက ``သင်တို့အားအဘယ်သူ မျှမလှည့်စားစေရန်သတိပြုလော့။-
5 `ငါသည်မေရှိယဖြစ်သည်' ဟုဆိုကာလူ အမြောက်အမြားပင်ငါ၏အယောင်ဆောင် လျက်လူများစွာတို့ကိုလှည့်စားကြလိမ့် မည်။-
6 သင်တို့သည်ရပ်နီးရပ်ဝေးမှစစ်မက်သတင်း များကိုကြားကြလိမ့်မည်။ သို့ရာတွင်မထိတ် မလန့်ကြနှင့်။ ဤအမှုအရာများသည်ဖြစ် ပျက်ရမည်။ သို့ရာတွင်ကပ်ကမ္ဘာကုန်ဆုံးချိန် ကားမရောက်သေး။-
7 လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ဖြစ်လိမ့်မည်။ နေရာအနှံ့အပြားတွင် အစာခေါင်းပါး၍မြေငလျင်လှုပ်လိမ့်မည်။-