မဿဲ 24:12-18 BCL

12 ဆိုး​ညစ်​မှု​များ​ပြား​လာ​သ​ဖြင့်​လူ​တို့​တွင်​မေတ္တာ ခေါင်း​ပါး​လိမ့်​မည်။-

13 သို့​ရာ​တွင်​အ​ဆုံး​တိုင်​အောင်​တည်​ကြည်​သူ​ကို ဘု​ရား​သ​ခင်​ကယ်​တင်​တော်​မူ​လိမ့်​မည်။-

14 နိုင်​ငံ​တော်​ဆိုင်​ရာ​သ​တင်း​ကောင်း​အ​ကြောင်း​ကို ကမ္ဘာ​တစ်​ဝန်း​လုံး​ရှိ​လူ​မျိုး​အ​ပေါင်း​တို့​အား သက်​သေ​ခံ​ဟော​ပြော​ပြီး​မှ​ကပ်​ကမ္ဘာ​ကုန်​ဆုံး ချိန်​ရောက်​လိမ့်​မည်။

15 ``ပ​ရော​ဖက်​ဒံ​ယေ​လ​ဟော​ကြား​ခဲ့​သည့်​ထိတ်​လန့် စက်​ဆုတ်​ဖွယ်​ကောင်း​သည့်​အ​ရာ​သည်​မ​ရှိ​အပ်​သည့် အ​ရပ်​တွင်​ရှိ​နေ​သည်​ကို​သင်​တို့​မြင်​ကြ​လိမ့်​မည်။ (စာ​ဖတ်​သူ​သည်​ဤ​အ​ချက်​ကို​သ​တိ​ပြု​အပ်​၏။)-

16 ထို​သို့​မြင်​ရ​သော​အ​ခါ​ယု​ဒ​ပြည်​ရှိ​လူ​တို့​သည် တောင်​များ​ပေါ်​သို့​ပြေး​ကြ​စေ။-

17 အိမ်​ခေါင်​မိုး​ပေါ်​တွင်​ရှိ​သူ​သည်​အိမ်​ထဲ​မှ​ဥစ္စာ ပစ္စည်း​များ​ကို​ယူ​ရန်​အောက်​သို့​မ​ဆင်း​စေ​နှင့်။-

18 လယ်​ထဲ​တွင်​ရှိ​သူ​သည်​လည်း​ဝတ်​လုံ​ယူ​ရန် အိမ်​သို့​မ​ပြန်​စေ​နှင့်။-