မဿဲ 24:23-29 BCL

23 ``ထို​ကာ​လ​၌​လူ​တစ်​စုံ​တစ်​ယောက်​က `ကြည့်​လော့၊ ဤ​အ​ရပ်​တွင်​မေ​ရှိ​ယ​ရှိ​သည်' ဟူ​၍​လည်း​ကောင်း၊ `ထို​အ​ရပ်​တွင်​မေ​ရှိ​ယ​ရှိ​သည်' ဟူ​၍​လည်း​ကောင်း ဆို​လျှင်​မ​ယုံ​ကြ​နှင့်။-

24 မေ​ရှိ​ယ​အ​တု​အ​ယောင်​များ၊ ပ​ရော​ဖက်​အ​တု အ​ယောင်​များ​ပေါ်​ပေါက်​လာ​လိမ့်​မည်။ သူ​တို့​သည် ဖြစ်​နိုင်​ပါ​က​ဘု​ရား​သ​ခင်​ရွေး​ချယ်​ထား​တော်​မူ သော​သူ​များ​ကို​ပင်​လှည့်​စား​နိုင်​ရန်​အံ့​သြ​ဖွယ် နိ​မိတ်​လက္ခ​ဏာ​များ​နှင့်​ထူး​ဆန်း​သည့်​အ​မှု အ​ရာ​များ​ကို​ပြ​ကြ​လိမ့်​မည်။-

25 ဤ​အ​ကြောင်း​အ​ရာ​များ​မ​ဖြစ်​ပေါ်​မီ​သင်​တို့ အား​ကြို​တင်​၍​ငါ​ဖော်​ပြ​ပြီ။''

26 ``လူ​တို့​က `ကြည့်​လော့။ မေ​ရှိ​ယ​သည်​တော​ကန္တာ​ရ တွင်​ရှိ​သည်' ဟု​ဆို​လျှင်​မ​သွား​ကြ​နှင့်။ `အိမ်​ခန်း ထဲ​မှာ​ရှိ​သည်' ဟု​ဆို​လျှင်​လည်း​မ​ယုံ​ကြ​နှင့်။-

27 လျှပ်​စစ်​ပြက်​၍​အ​ရှေ့​အ​ရပ်​မှ​အ​နောက်​အ​ရပ် တိုင်​အောင်​ကောင်း​ကင်​တစ်​ပြင်​လုံး​ထွန်း​လင်း​စေ သ​ကဲ့​သို့​လူ​သား​ကြွ​လာ​တော်​မူ​လိမ့်​မည်။''

28 ``အ​သေ​ကောင်​ရှိ​ရာ​အ​ရပ်​တွင်​လင်း​တ​တို့​စု​ရုံး ကြ​လတ္တံ့။''

29 ``ထို​သို့​ဆင်း​ရဲ​ဒုက္ခ​များ​ကျ​ရောက်​လာ​ပြီး​နောက် ချက်​ချင်း​ပင်​နေ​သည်​မှောင်​မိုက်​သွား​လိမ့်​မည်။ လ သည်​အ​လင်း​ရောင်​ပေး​လိမ့်​မည်​မ​ဟုတ်။ ကြယ်​များ သည်​ကောင်း​ကင်​မှ​ကြွေ​လိမ့်​မည်။ ကောင်း​ကင်​နက္ခတ် များ​သည်​လမ်း​ပြောင်း​ကြ​လိမ့်​မည်။-