မဿဲ 24:5-11 BCL

5 `ငါ​သည်​မေ​ရှိ​ယ​ဖြစ်​သည်' ဟု​ဆို​ကာ​လူ အ​မြောက်​အ​မြား​ပင်​ငါ​၏​အ​ယောင်​ဆောင် လျက်​လူ​များ​စွာ​တို့​ကို​လှည့်​စား​ကြ​လိမ့် မည်။-

6 သင်​တို့​သည်​ရပ်​နီး​ရပ်​ဝေး​မှ​စစ်​မက်​သ​တင်း များ​ကို​ကြား​ကြ​လိမ့်​မည်။ သို့​ရာ​တွင်​မထိတ် မ​လန့်​ကြ​နှင့်။ ဤ​အ​မှု​အ​ရာ​များ​သည်​ဖြစ် ပျက်​ရ​မည်။ သို့​ရာ​တွင်​ကပ်​ကမ္ဘာ​ကုန်​ဆုံး​ချိန် ကား​မ​ရောက်​သေး။-

7 လူ​တစ်​မျိုး​နှင့်​တစ်​မျိုး၊ တစ်​နိုင်ငံ​နှင့်​တစ်​နိုင်​ငံ စစ်​ဖြစ်​လိမ့်​မည်။ နေ​ရာ​အ​နှံ့​အ​ပြား​တွင် အ​စာ​ခေါင်း​ပါး​၍​မြေ​င​လျင်​လှုပ်​လိမ့်​မည်။-

8 ဤ​အ​မှု​အ​ရာ​များ​သည်​ဆိုက်​ရောက်​လတ္တံ့ သော​ဆင်း​ရဲ​ဒုက္ခ​များ​၏​ရှေ့​ပြေး​သာ​ဖြစ်​၏။

9 ``ထို​နောက်​လူ​တို့​သည်​သင်​တို့​အား​အ​ပြစ်​ဒဏ် ခံ​ရ​ကြ​စေ​ရန်​နှင့်​အ​သတ်​ခံ​ရ​ကြ​စေ​ရန် အာ​ဏာ​ပိုင်​တို့​ထံ​သို့​ပေး​အပ်​ကြ​လိမ့်​မည်။ လူ​ခပ်​သိမ်း​တို့​သည်​ငါ​၏​နာ​မ​ကြောင့်​သင် တို့​ကို​မုန်း​ကြ​လိမ့်​မည်။-

10 ထို​အ​ခါ​လူ​များ​စွာ​ပင်​မှောက်​မှား​လမ်း​လွဲ​ကြ လျက် အ​ချင်း​ချင်း​တစ်​ယောက်​ကို​တစ်​ယောက် သစ္စာ​ဖောက်​ကြ​လိမ့်​မည်။-

11 တစ်​ယောက်​ကို​တစ်​ယောက်​မုန်း​လိမ့်​မည်။ ထို့​ပြင် ပ​ရော​ဖက်​အ​တု​အ​ယောင်​အ​မြောက်​အ​မြား​ပင် ပေါ်​လာ​ပြီး​လျှင်​လူ​များ​စွာ​တို့​ကို​လှည့်​စား ကြ​လိမ့်​မည်။-