မဿဲ 28:1-4 BCL

1 ဥ​ပုသ်​နေ့​ကုန်​လွန်​ပြီး​နောက်​တ​နင်္ဂ​နွေ​နေ့​မိုး​လင်း စ​ပြု​သော​အ​ခါ မာ​ဂ​ဒ​လ​မြို့​သူ​မာ​ရိ​နှင့် အ​ခြား​မာ​ရိ​တို့​သည်​သင်္ချိုင်း​တော်​သို့​လာ​ကြ​၏။-

2 ထို​အ​ချိန်​၌​မြေ​င​လျင်​ပြင်း​စွာ​လှုပ်​လေ​သည်။ ဘု​ရား​သ​ခင်​၏​ကောင်း​ကင်​တ​မန်​သည်​ကောင်း​ကင် ဘုံ​မှ​ဆင်း​သက်​လာ​၍ သင်္ချိုင်း​ဂူ​ဝ​မှ​ကျောက်​တုံး ကို​လှိမ့်​ဖယ်​လိုက်​ပြီး​လျှင်​ထို​ကျောက်​တုံး​ပေါ်​မှာ ထိုင်​နေ​၏။-

3 သူ​၏​အ​ဆင်း​သဏ္ဌာန်​သည်​လျှပ်​စစ်​လက်​သ​ကဲ့​သို့ ဖြစ်​၍​သူ​၏​အ​ဝတ်​သည်​မိုး​ပွင့်​ကဲ့​သို့​ဖြူ​၏။-

4 အ​စောင့်​တပ်​သား​များ​သည်​လွန်​စွာ​ကြောက်​လန့် သ​ဖြင့်​တုန်​လှုပ်​ကာ​သေ​သ​ကဲ့​သို့​ဖြစ်​ကြ​၏။