1 ထိုနောက်မာရ်နတ်၏စုံစမ်းသွေးဆောင်ခြင်းကို ခံစေရန် ဝိညာဉ်တော်သည်သခင်ယေရှုကို တောကန္တာရသို့ခေါ်ဆောင်သွားတော်မူ၏။-
2 ကိုယ်တော်သည်ရက်လေးဆယ်ပတ်လုံးအစာ ရှောင်လျက်နေပြီးနောက်မွတ်သိပ်၍လာတော် မူ၏။-
3 ထိုအခါမာရ်နတ်သည်အထံတော်သို့ချဉ်းကပ် ၍ ``အရှင်သည်ဘုရားသခင်၏သားတော်မှန် လျှင်ဤကျောက်ခဲများကိုမုန့်ဖြစ်လာစေရန် အမိန့်ပေးတော်မူပါ'' ဟုလျှောက်၏။
4 သို့ရာတွင်ကိုယ်တော်က ``လူသည်အစားအစာ အားဖြင့်သာအသက်ရှင်ရမည်မဟုတ်။ ဘုရား သခင်၏နှုတ်တော်ထွက်စကားရှိသမျှအား ဖြင့်အသက်ရှင်ရမည်ဟုကျမ်းစာလာ၏'' ဟူ ၍မိန့်တော်မူ၏။
5 ထိုအခါမာရ်နတ်သည်ကိုယ်တော်ကိုသန့်ရှင်း မြင့်မြတ်သောမြို့တော်ရှိဗိမာန်တော်ထိပ်ဖျား သို့ခေါ်ဆောင်သွားပြီးလျှင်၊
6 ``ဘုရားသခင်သည်သင့်အားကာကွယ်စောင့် ရှောက်ရန်ကောင်းကင်တမန်တို့အားအမိန့်ပေးတော်မူမည်ဖြစ်ရာ၊သူတို့သည်သင်၏ခြေကိုကျောက်ခဲများနှင့်မထိမခိုက်မိ စေရန်၊သင့်အားချီပင့်ကြလိမ့်မည်ဟုကျမ်းစာတော်တွင် ပါရှိပါ၏။သို့ဖြစ်၍အရှင်သည်ထာဝရဘုရား၏ သားတော်မှန်လျှင်အောက်သို့ခုန်ချပါလော့''ဟုလျှောက်၏။