19 သခင်ယေရှုက ``လာကြ။ ငါ့နောက်သို့လိုက်ကြ။ သင်တို့ကိုလူဖမ်းတံငါများဖြစ်စေမည်'' ဟု သူတို့အားမိန့်တော်မူ၏။-
20 သူတို့သည်ချက်ချင်းပင်မိမိတို့၏ပိုက်ကွန် များကိုစွန့်ပစ်၍နောက်တော်သို့လိုက်ကြ၏။
21 ကိုယ်တော်သည်ထိုအရပ်မှဆက်လက်၍လျှောက် သွားတော်မူသောအခါ အခြားညီအစ်ကိုနှစ် ယောက်ဖြစ်သောယာကုပ်နှင့်ယောဟန်တို့ကို မြင်တော်မူ၏။ သူတို့သည်ဇေဗေဒဲ၏သားများ ဖြစ်၍ မိမိတို့ဖခင်နှင့်အတူလှေထဲတွင်ပိုက် ကွန်များကိုအသင့်ပြင်လျက်ရှိနေကြ၏။ ကိုယ်တော်သည်သူတို့အားနောက်တော်သို့ လိုက်ရန်ခေါ်ယူတော်မူသောအခါ၊-
22 သူတို့သည်ချက်ချင်းပင်လှေနှင့်ဖခင်ကို ထားခဲ့၍နောက်တော်သို့လိုက်ကြ၏။
23 ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး ကြွတော်မူလျက်တရားဇရပ်များတွင်သွန် သင်တော်မူ၏။ နိုင်ငံတော်အကြောင်းသတင်း ကောင်းကိုဟောပြောတော်မူ၏။-
24 ကိုယ်တော်၏သတင်းသည်ရှုရိပြည်တစ်ဝှမ်းလုံး တွင်ပျံ့နှံ့၍သွားသဖြင့်လူတို့သည်နတ်ပူးဝင် သူ၊ ဝက်ရူးနာစွဲကပ်သူ၊ ခြေလက်သေသူမှစ၍ အမျိုးမျိုးသောအနာရောဂါစွဲကပ်သူဝေဒနာ ရှင်များကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်ထိုသူအပေါင်းတို့အားရောဂါ ပျောက်ကင်းစေတော်မူ၏။-
25 ဂါလိလဲပြည်၊ ဒေကပေါလိပြည်၊ ယေရုရှလင် မြို့၊ ယုဒပြည်နှင့်ယော်ဒန်မြစ်တစ်ဖက်ကမ်းမှ လူပရိသတ်ကြီးများသည်ကိုယ်တော်၏နောက် တော်သို့လိုက်ကြကုန်၏။