25 ``တစ်စုံတစ်ယောက်သည်ရုံးတော်တွင်သင့်အား တရားစွဲလျှင်သူနှင့်အတူလမ်းခရီး၌ရှိနေ စဉ်သူနှင့်လျင်မြန်စွာပြန်လည်သင့်မြတ်အောင်ပြု လော့။ သို့မပြုပါမူသူသည်သင့်အားတရား သူကြီး၏လက်သို့အပ်၍ တရားသူကြီးသည် လည်းထောင်မှူးလက်သို့အပ်ပြီးလျှင်သင့်ကို ထောင်ချထားလိမ့်မည်။-
26 ပေးဆပ်ရန်ရှိသောငွေအကုန်အစင်မပေးမ ဆပ်မချင်းသင်သည်ထောင်ထဲမှထွက်ရလိမ့်မည် မဟုတ်ဟုငါဆို၏။
27 ``သူ့အိမ်ရာကိုမပြစ်မှားနှင့်ဟူသောပညတ် ကိုသင်တို့ကြားသိရလေပြီ။-ထွ၊ ၂၀:၁၄။ တရား၊ ၅:၁၈။*
28 သို့ရာတွင်တပ်မက်သောစိတ်ဖြင့်အမျိုးသမီး တစ်ဦးကိုကြည့်သူသည် မိမိ၏စိတ်တွင်ထိုအမျိုး သမီးကိုပြစ်မှားပြီဟုသင်တို့အားငါဆို၏။-
29 သင်၏လက်ယာမျက်စိသည်သင့်အားမှောက်မှား စေလျှင်ထိုမျက်စိကိုထုတ်ပစ်လော့။ သင်၏ကိုယ် ခန္ဓာတစ်ခုလုံးငရဲသို့လားရသည်ထက်ကိုယ် အင်္ဂါတစ်ခုချို့တဲ့ရခြင်းကသာ၍ကောင်း၏။-
30 သင်၏လက်ယာလက်သည်သင့်အားမှောက်မှားစေ လျှင်ထိုလက်ကိုဖြတ်ပစ်လော့။ သင်၏ကိုယ်ခန္ဓာတစ် ခုလုံးငရဲသို့လားရသည်ထက်ကိုယ်အင်္ဂါတစ်ခု ချို့တဲ့ရခြင်းကသာ၍ကောင်း၏။
31 ``မိမိ၏မယားနှင့်ကွာရှင်းလိုသူသည်ဖြတ်စာ ကိုပေးအပ်ရမည်ဟုဆိုရိုးစကားရှိ၏။-