35 ကမ္ဘာမြေကြီးကိုတိုင်တည်၍မကျိန်ဆိုကြနှင့်။ ကမ္ဘာမြေကြီးသည်ကိုယ်တော်၏ခြေတင်ခုံဖြစ်၏။ ယေရုရှလင်မြို့ကိုတိုင်တည်၍မကျိန်ဆိုကြနှင့်။ ယေရုရှလင်မြို့သည်ဘုရင်မင်းမြတ်၏နေပြည် တော်ဖြစ်၏။-
36 မိမိ၏ဦးခေါင်းကိုတိုင်တည်၍လည်းမကျိန်ဆို ကြနှင့်။ အဘယ်ကြောင့်ဆိုသော်သင်တို့သည်ဆံပင် တစ်ပင်မျှကိုပင်ဖြူအောင်မတတ်နိုင်ကြသော ကြောင့်တည်း။-
37 သင်တို့သည် `ဟုတ်ပါသည်' သို့မဟုတ် `မဟုတ်ပါ' ဟူ၍သာပြောဆိုကြလော့။ ဤထက်ပိုသော စကားသည်မာရ်နတ်၏ထံမှရသောစကား ဖြစ်၏။
38 ``မျက်စိအစားမျက်စိ၊ သွားအစားသွားဟူ သောပညတ်ကိုသင်တို့ကြားသိရလေပြီ။-
39 သို့ရာတွင်သင့်အားပြစ်မှားသူကိုလက်စားမချေ နှင့်ဟုငါဆို၏။ သင်၏လက်ယာပါးကိုရိုက်သူ အားအခြားပါးတစ်ဖက်လည်းရိုက်စေဦးလော့။-
40 သင်၏အတွင်းအင်္ကျီကိုယူလို၍တရားတွေ့သော သူအားသင်၏ဝတ်လုံကိုလည်းယူခွင့်ပြုလော့။-
41 သင့်အားအနိုင်အထက်ပြု၍ခရီးတစ်မိုင်သွား စေသူနှင့်ခရီးနှစ်မိုင်သွားလော့။-