မဿဲ 5:39-45 BCL

39 သို့​ရာ​တွင်​သင့်​အား​ပြစ်​မှား​သူ​ကို​လက်​စား​မ​ချေ နှင့်​ဟု​ငါ​ဆို​၏။ သင်​၏​လက်​ယာ​ပါး​ကို​ရိုက်​သူ အား​အ​ခြား​ပါး​တစ်​ဖက်​လည်း​ရိုက်​စေ​ဦး​လော့။-

40 သင်​၏​အ​တွင်း​အင်္ကျီ​ကို​ယူ​လို​၍​တ​ရား​တွေ့​သော သူ​အား​သင်​၏​ဝတ်​လုံ​ကို​လည်း​ယူ​ခွင့်​ပြု​လော့။-

41 သင့်​အား​အ​နိုင်​အ​ထက်​ပြု​၍​ခ​ရီး​တစ်​မိုင်​သွား စေ​သူ​နှင့်​ခ​ရီး​နှစ်​မိုင်​သွား​လော့။-

42 တောင်း​ခံ​သူ​အား​ပေး​ကမ်း​လော့။ ချေး​ငှား​လို​သူ အား​လည်း​ချေး​ငှား​လော့။

43 ``မိတ်​ဆွေ​ကို​ချစ်​လော့။ ရန်​သူ​ကို​မုန်း​လော့​ဟူ သော​ပ​ညတ်​ကို​သင်​တို့ ကြား​သိ​ရ​လေ​ပြီ။-

44 သို့​ရာ​တွင်​ရန်​သူ​ကို​ချစ်​ကြ​လော့​ဟု​သင်​တို့ အား​ငါ​ဆို​၏။ သင်​တို့​ကို​နှိပ်​စက်​ညှဉ်း​ဆဲ​သူ တို့​အ​တွက်​မေတ္တာ​ပို့​ကြ​လော့။-

45 သို့​မှ​သာ​သင်​တို့​သည်​ကောင်း​ကင်​ဘုံ​ရှင်​သင်​တို့ အ​ဖ​၏​သား​များ​ဖြစ်​ကြ​လိမ့်​မည်။ ကိုယ်​တော်​သည် လူ​ဆိုး​လူ​ကောင်း​များ​အ​ပေါ်​၌​နေ​ရောင်​ခြည် ကို​သက်​ရောက်​စေ​တော်​မူ​၏။ သူ​တော်​ကောင်း၊ သူ ယုတ်​မာ​များ​အ​ပေါ်​၌​မိုး​ကို​ရွာ​စေ​တော်​မူ​၏။-