မဿဲ 5:5-11 BCL

5 ``စိတ်​နူး​ညံ့​သိမ်​မွေ့​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​က​တိ​ထား​တော် မူ​သော​ကောင်း​ချီး​ကို​ခံ​စား​ရ​ကြ​လတ္တံ့။

6 ``ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​တိုင်းလိုက်​နာ​ကျင့်​သုံး​ရန်​လို​လား​တောင့်​တ​သော သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ထို​သူ​တို့​သည်​တောင့်​တ​သည်​အ​တိုင်း အ​ပြည့်​အ​ဝ​ရ​ရှိ​ကြ​လတ္တံ့။

7 ``သ​နား​ကြင်​နာ​တတ်​သော​သူ​တို့​သည် မင်္ဂလာ​ရှိ​ကြ​၏။ဘု​ရား​သ​ခင်​သည်​ထို​သူ​တို့​အား သ​နား​ကြင်​နာ​တော်​မူ​လတ္တံ့။

8 ``စိတ်​နှ​လုံး​ဖြူ​စင်​သော​သူ​တို့​သည်​မင်္ဂ​လာ ရှိ​ကြ​၏။ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​ကို​ဖူး​မြင်​ရ​ကြ​လတ္တံ့။

9 ``ငြိမ်း​ချမ်း​ရေး​အ​တွက်​ဆောင်​ရွက်​သော သူ​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။ထို​သူ​တို့​သည်​ဘု​ရား​သ​ခင်​၏​သား​များ​ဟု အ​ခေါ်​ခံ​ရ​ကြ​လတ္တံ့။

10 ``ဘု​ရား​သ​ခင်​၏​အ​လို​တော်​အ​တိုင်း ဆောင်​ရွက်​သ​ဖြင့်နှိပ်​စက်​ညှဉ်း​ဆဲ​ခြင်း​ခံ​ရ​သော​သူ​တို့​သည် မင်္ဂ​လာ​ရှိ​ကြ​၏။ကောင်း​ကင်​နိုင်​ငံ​တော်​သည်​ထို​သူ​တို့​၏​နိုင်​ငံ ဖြစ်​၏။

11 ``လူ​တို့​သည်​ငါ့​ကြောင့်​သင်​တို့​ကို​ကဲ့​ရဲ့​ညှဉ်း​ဆဲ လျက်မ​ဟုတ်​မ​မှန်​ဘဲ​အ​မျိုး​မျိုး​ပြစ်​တင်​စွပ်​စွဲ​ကြ​သော အ​ခါ၊ သင်​တို့​သည်​မင်္ဂ​လာ​ရှိ​ကြ​၏။