8 သင်တို့မူကားထိုသူတို့ကဲ့သို့မပြုကြနှင့်။ သင်တို့၏အဖသည်သင်တို့မတောင်းမလျှောက် မီကပင် သင်တို့လိုသောအရာတို့ကိုသိနှင့် ပြီးဖြစ်တော်မူ၏။-
9 သို့ဖြစ်၍သင်တို့ဆုတောင်းပတ္ထနာပြုသောအခါ`ကောင်းကင်ဘုံရှင်၊ အကျွန်ုပ်တို့၏အဖ၊ကိုယ်တော်၏ နာမတော်အားရိုသေလေးမြတ်ကြပါစေသော။
10 နိုင်ငံတော်တည်ပါစေသော။အလိုတော်သည်ကောင်းကင်ဘုံ၌ပြည့်စုံသကဲ့သို့၊ မြေကြီးပေါ်၌လည်းပြည့်စုံပါစေသော။
11 ယနေ့အတွက်လိုအပ်သောအစားအစာကို၊အကျွန်ုပ်တို့အားပေးသနားတော်မူပါ။
12 အကျွန်ုပ်တို့ကိုပြစ်မှားသောသူတို့၏အပြစ်များကိုအကျွန်ုပ်တို့ဖြေလွှတ်ကြသကဲ့သို့၊အကျွန်ုပ်တို့၏ အပြစ်များကိုလည်းဖြေလွှတ်တော်မူပါ။
13 အကျွန်ုပ်တို့အားကြီးမားသောစုံစမ်း သွေးဆောင်ခြင်းကိုခံစေတော်မမူဘဲ၊စာတန်မာရ်နတ်ဘေးရန်မှကာကွယ်တော်မူပါ'ဟူ၍ဆုတောင်းကြလော့။
14 ``သင်တို့သည်သူတစ်ပါးတို့ပြစ်မှားသည့်အပြစ် များကိုဖြေလွှတ်ပါလျှင် ကောင်းကင်ဘုံရှင်သင်တို့ ၏အဖသည်လည်းသင်တို့၏အပြစ်များကို ဖြေလွှတ်တော်မူလိမ့်မည်။-