19 ဘုရားတစ်ဆူတည်းသာရှိသည်ကိုယုံကြည် ၏။ ကောင်းပေ၏။ နတ်မိစ္ဆာများပင်လျှင်ထိုသို့ ယုံကြည်၍ကြောက်ရွံ့တုန်လှုပ်ကြ၏။-
20 အချင်းလူမိုက်၊ အကျင့်နှင့်ကင်းသည့်ယုံ ကြည်ခြင်းသည် အချည်းနှီးဖြစ်ကြောင်းသိ လိုသလော။-
21 ငါတို့၏ဘိုးဘေးအာဗြဟံသည် ဘုရား သခင်နှင့်မှန်ကန်စွာဆက်ဆံမှုကိုအဘယ် သို့ရရှိသနည်း။ သူသည်မိမိသားဣဇာက် ကို ပလ္လင်ပေါ်တွင်တင်လှူပူဇော်ခြင်းတည်း ဟူသောအကျင့်အားဖြင့်ရရှိပေသည်။-
22 သူ၏ယုံကြည်ခြင်းသည်အကျင့်နှင့်ဒွန်တွဲ လျက်နေသည်ကို သင်မသိမမြင်သလော။ အကျင့်အားဖြင့်သူ၏ယုံကြည်ခြင်းကို ပြည့်ဝစုံလင်၍လာ၏။-
23 သို့ဖြစ်၍``အာဗြဟံသည်ဘုရားသခင်အား ယုံကြည်၏။ သူ၏ယုံကြည်မှုကြောင့်ဘုရား သခင်သည် သူ့အားဖြောင့်မတ်သူအဖြစ် လက်ခံတော်မူသည်'' ဟူသောကျမ်းစကား သည်မှန်ကန်၍လာ၏။ ထို့ကြောင့်အာဗြဟံ သည် ဘုရားသခင်၏အဆွေဟုခေါ်ဝေါ် ခြင်းကိုခံရ၏။-
24 သို့ဖြစ်၍လူသည်ယုံကြည်ခြင်းအားဖြင့် သာမဟုတ်ဘဲ ဘုရားသခင်နှင့်မှန်ကန်စွာ ဆက်ဆံမှုကိုရရှိနိုင်ကြောင်းသင်တို့သိ ကြ၏။
25 ပြည့်တန်ဆာမရာခပ်၏အကြောင်းမှာလည်း ထိုနည်းအတိုင်းပင်ဖြစ်၏။ သူသည်ဣသရေလ သူလျှိုများကိုကြိုဆိုလက်ခံပြီးနောက် အခြား လမ်းဖြင့်ထွက်ခွာသွားနိုင်ရန်ကူညီမစခဲ့ ပေသည်။ ဤအမှုကြောင့်သူသည်ဘုရား သခင်နှင့်မှန်ကန်စွာဆက်ဆံမှုကိုရရှိ၏။