ယာ​ကုပ် 2:21-26 BCL

21 ငါ​တို့​၏​ဘိုး​ဘေး​အာ​ဗြ​ဟံ​သည် ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​မှု​ကို​အ​ဘယ် သို့​ရ​ရှိ​သ​နည်း။ သူ​သည်​မိ​မိ​သား​ဣ​ဇာက် ကို ပလ္လင်​ပေါ်​တွင်​တင်​လှူ​ပူ​ဇော်​ခြင်း​တည်း ဟူ​သော​အ​ကျင့်​အား​ဖြင့်​ရ​ရှိ​ပေ​သည်။-

22 သူ​၏​ယုံ​ကြည်​ခြင်း​သည်​အ​ကျင့်​နှင့်​ဒွန်​တွဲ လျက်​နေ​သည်​ကို သင်​မ​သိ​မ​မြင်​သ​လော။ အ​ကျင့်​အား​ဖြင့်​သူ​၏​ယုံ​ကြည်​ခြင်း​ကို ပြည့်​ဝ​စုံ​လင်​၍​လာ​၏။-

23 သို့​ဖြစ်​၍``အာ​ဗြ​ဟံ​သည်​ဘု​ရား​သ​ခင်​အား ယုံ​ကြည်​၏။ သူ​၏​ယုံ​ကြည်​မှု​ကြောင့်​ဘု​ရား သ​ခင်​သည် သူ့​အား​ဖြောင့်​မတ်​သူ​အ​ဖြစ် လက်​ခံ​တော်​မူ​သည်'' ဟူ​သော​ကျမ်း​စ​ကား သည်​မှန်​ကန်​၍​လာ​၏။ ထို့​ကြောင့်​အာ​ဗြ​ဟံ သည် ဘု​ရား​သ​ခင်​၏​အ​ဆွေ​ဟု​ခေါ်​ဝေါ် ခြင်း​ကို​ခံ​ရ​၏။-

24 သို့​ဖြစ်​၍​လူ​သည်​ယုံ​ကြည်​ခြင်း​အား​ဖြင့် သာ​မ​ဟုတ်​ဘဲ ဘု​ရား​သ​ခင်​နှင့်​မှန်​ကန်​စွာ ဆက်​ဆံ​မှု​ကို​ရ​ရှိ​နိုင်​ကြောင်း​သင်​တို့​သိ ကြ​၏။

25 ပြည့်​တန်​ဆာ​မ​ရာ​ခပ်​၏​အ​ကြောင်း​မှာ​လည်း ထို​နည်း​အ​တိုင်း​ပင်​ဖြစ်​၏။ သူ​သည်​ဣ​သ​ရေ​လ သူ​လျှို​များ​ကို​ကြို​ဆို​လက်​ခံ​ပြီး​နောက် အ​ခြား လမ်း​ဖြင့်​ထွက်​ခွာ​သွား​နိုင်​ရန်​ကူ​ညီ​မ​စ​ခဲ့ ပေ​သည်။ ဤ​အ​မှု​ကြောင့်​သူ​သည်​ဘု​ရား သ​ခင်​နှင့်​မှန်​ကန်​စွာ​ဆက်​ဆံ​မှု​ကို​ရ​ရှိ​၏။

26 ထို့​ကြောင့်​ဝိ​ညာဉ်​နှင့်​ကင်း​သော​ကိုယ်​ခန္ဓာ​သည် အ​သေ​ဖြစ်​သ​ကဲ့​သို့ အ​ကျင့်​နှင့်​ကင်း​သည့် ယုံ​ကြည်​ခြင်း​သည်​အ​သေ​ဖြစ်​သ​တည်း။