ယာ​ကုပ် 3:5-11 BCL

5 လျှာ​သည်​လည်း​ထို​နည်း​အ​တိုင်း​ပင်​ဖြစ် ပေ​သည်။ ယင်း​သည်​ကိုယ်​ခန္ဓာ​၏​သေး​ငယ်​သော အင်္ဂါ​အ​စိတ်​အ​ပိုင်း​မျှ​သာ​ဖြစ်​သော်​လည်း ကြီး​ကျယ်​သော​အ​ရာ​များ​အ​ကြောင်း​ကို ကြွား​ဝါ​တတ်​သည်။အ​လွန်​ကြီး​သော​သစ်​တော​ကို​သေး​ငယ်​သော မီး​ပွား​က​လေး​က လောင်​ကျွမ်း​စေ​နိုင်​သည် ကို​စဉ်း​စား​ကြည့်​ပါ​လေ။-

6 လျှာ​သည်​မီး​နှင့်​တူ​၍​အ​ပြစ်​ဒု​စ​ရိုက်​ဖြင့် ပြည့်​ဝ​သော​ကမ္ဘာ​ဖြစ်​၏။ ယင်း​သည်​ကိုယ်​အင်္ဂါ အ​စိတ်​အ​ပိုင်း​တစ်​ခု​အ​ဖြစ်​ဖြင့်​တည်​ရှိ​ကာ၊ ငါ​တို့​၏​ကိုယ်​ခန္ဓာ​တစ်​ခု​လုံး​သို့​အ​ပြစ်​ဒု​စ​ရိုက် ကူး​စက်​ပျံ့​နှံ့​စေ​လေ​သည်။ လျှာ​သည်​င​ရဲ​မှ ရ​ရှိ​သည့်​မီး​ဖြင့်​ငါ​တို့​၏​ဘ​ဝ​တစ်​ခု လုံး​ကို​ကျွမ်း​လောင်​စေ​တတ်​၏။-

7 လူ​သည်​အ​ခြား​သတ္တဝါ​များ​ဖြစ်​သော​သား​ရဲ တိ​ရစ္ဆာန်၊ ငှက်၊ တွား​တတ်​သည့်​သတ္တ​ဝါ၊ ငါး​တို့ ကို​ကျိုး​နွံ​ယဉ်​ပါး​အောင်​ပြု​နိုင်​၏။ ပြု​လည်း ပြု​ခဲ့​ပေ​ပြီ။-

8 သို့​ရာ​တွင်​လျှာ​ကို​မူ​ကား​အ​ဘယ်​သူ​မျှ ကျိုး​နွံ​အောင်​မ​ပြု​နိုင်။ ယင်း​သည်​သေ​စေ​တတ် သော​အ​ဆိပ်​နှင့်​ပြည့်​ဝ​လျက်​ထိန်း​ချုပ်​၍​မ​ရ အောင်​ဆိုး​ရွား​လေ​သည်။-

9 ငါ​တို့​သည်​ခ​မည်း​တော်​ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ရာ​၌​လျှာ​ကို​အ​သုံး​ပြု ကြ​၏။ ဘု​ရား​သ​ခင်​၏​ပုံ​သဏ္ဌာန်​တော်​နှင့်​အ​ညီ ဖန်​ဆင်း​ထား​တော်​မူ​သော​လူ​တို့​ကို​ကျိန်​ဆဲ​ရာ ၌​လည်း​ယင်း​ကို​ပင်​အ​သုံး​ပြု​ကြ​၏။-

10 နှုတ်​တစ်​ခု​ထဲ​မှ​ချီး​ကူး​ခြင်း​နှင့်​ကျိန်​ဆဲ​ခြင်း ထွက်​တတ်​ပါ​သည်​တ​ကား။ ငါ့​ညီ​အစ်​ကို​တို့၊ ဤ​သို့​မ​ဖြစ်​သင့်။-

11 စမ်း​ရေ​ပေါက်​တစ်​ခု​တည်း​မှ​ရေ​ချို​ရေ​ခါး ထွက်​လာ​တတ်​ပါ​သ​လော။-