1 သတင်းကောင်းကိုကြေညာရန်တမန်တော် အဖြစ်ဖြင့် ဘုရားသခင်ရွေးချယ်ခန့်ထားသူ၊ ခရစ်တော်ယေရှု၏အစေခံငါပေါလုသည် စာရေးလိုက်ပါသည်။-
2 ရှေးအခါကဘုရားသခင်သည်မိမိ၏ ပရောဖက်များအားဖြင့် ထိုသတင်းကောင်း ကိုကတိထားတော်မူခဲ့ကြောင်းကျမ်းစာ တော်ကဖော်ပြ၏။-
3 ထိုသတင်းကောင်းကားဘုရားသခင်၏သား တော် ငါတို့၏အရှင်သခင်ယေရှုခရစ်အကြောင်း ပင်ဖြစ်ပေသည်။ ထိုအရှင်သည်လူ့ဇာတိအား ဖြင့်ဒါဝိဒ်မင်းမှဆင်းသက်တော်မူသည်။-
4 ဘုရားဇာတိအားဖြင့်ဘုရားသခင်၏သား တော်ဖြစ်ကြောင်းကိုပေါ်လွင်ထင်ရှားစေရန် ဘုရားသခင်သည်မဟာတန်ခိုးတော်အား ဖြင့်ထိုအရှင်ကိုသေခြင်းမှထမြောက်စေ တော်မူ၏။-
5 ဘုရားသခင်သည်ထိုအရှင်အားဖြင့်ငါ့ အားခရစ်တော်အတွက်ကြောင့် ထူးမြတ်သည့် တမန်တော်ရာထူးကိုပေးသနားတော်မူ၏။ လူမျိုးအပေါင်းတို့သည်ယုံကြည်၍လိုက်နာ ကြစေရန်ဘုရားသခင်သည်ငါ့အားထို သူအပေါင်းတို့ထံသို့စေလွှတ်တော်မူ၏။-
6 ရောမမြို့၌နေထိုင်သောသင်တို့သည်လည်း ယေရှုခရစ်၏တပည့်များအဖြစ် ဘုရား သခင်ရွေးကောက်တော်မူသောသူများဖြစ် သောကြောင့်ထိုလူစုတွင်အပါအဝင် ဖြစ်ကြ၏။
7 ဘုရားသခင်ချစ်တော်မူသဖြင့်မိမိ၏ လူစုတော်ဝင်ဖြစ်စေရန် ရွေးကောက်တော်မူ သည့်ရောမအသင်းတော်ဝင်အပေါင်းတို့ ထံသို့ဤစာကိုရေးလိုက်ပါ၏။ငါတို့အဖဘုရားသခင်နှင့်သခင်ယေရှု ခရစ်ထံတော်မှကျေးဇူးတော်နှင့်ငြိမ်သက် ခြင်းကိုသင်တို့ခံစားရကြပါစေသော။