ရော​မ 1:6-13 BCL

6 ရော​မ​မြို့​၌​နေ​ထိုင်​သော​သင်​တို့​သည်​လည်း ယေ​ရှု​ခ​ရစ်​၏​တ​ပည့်​များ​အ​ဖြစ် ဘု​ရား သ​ခင်​ရွေး​ကောက်​တော်​မူ​သော​သူ​များ​ဖြစ် သော​ကြောင့်​ထို​လူ​စု​တွင်​အ​ပါ​အ​ဝင် ဖြစ်​ကြ​၏။

7 ဘု​ရား​သ​ခင်​ချစ်​တော်​မူ​သ​ဖြင့်​မိ​မိ​၏ လူ​စု​တော်​ဝင်​ဖြစ်​စေ​ရန် ရွေး​ကောက်​တော်​မူ သည့်​ရော​မ​အ​သင်း​တော်​ဝင်​အ​ပေါင်း​တို့ ထံ​သို့​ဤ​စာ​ကို​ရေး​လိုက်​ပါ​၏။ငါ​တို့​အ​ဖ​ဘု​ရား​သ​ခင်​နှင့်​သ​ခင်​ယေ​ရှု ခ​ရစ်​ထံ​တော်​မှ​ကျေး​ဇူး​တော်​နှင့်​ငြိမ်​သက် ခြင်း​ကို​သင်​တို့​ခံ​စား​ရ​ကြ​ပါ​စေ​သော။

8 သင်​တို့​၏​ယုံ​ကြည်​ခြင်း​အ​ကြောင်း​သ​တင်း သည်​ကမ္ဘာ​တစ်​ဝန်း​လုံး​ပျံ့​နှံ့​လျက်​ရှိ​သ​ဖြင့် ငါ​သည်​သင်​တို့​အား​လုံး​အ​တွက်​ယေ​ရှု​ခ​ရစ် ကို​အ​မှီ​ပြု​၍​ဦး​စွာ​ပ​ထ​မ​ဘု​ရား​သ​ခင် ၏​ကျေး​ဇူး​တော်​ကို​ချီး​မွမ်း​၏။-

9-10 သား​တော်​အ​ကြောင်း​သ​တင်း​ကောင်း​ကို ကြေ​ညာ​ခြင်း​အား​ဖြင့် ငါ​သည်​ဘု​ရား​သ​ခင် ၏​အ​မှု​တော်​ကို​စိတ်​နှ​လုံး​အ​ကြွင်း​မဲ့​ထမ်း ဆောင်​လျက်​ရှိ​၏။ ငါ​သည်​ဆု​တောင်း​ပတ္ထ​နာ ပြု​သည့်​အ​ခါ​တိုင်း သင်​တို့​အား​အ​စဉ်​သ​တိ ရ​ကြောင်း​ကို​ဘု​ရား​သ​ခင်​သည်​သက်​သေ ဖြစ်​တော်​မူ​၏။ ဘု​ရား​သ​ခင်​အ​လို​တော် ရှိ​ပါ​က​မ​ကြာ​မီ​သင်​တို့​ထံ​သို့​ငါ​လာ နိုင်​ရန်​လမ်း​ဖွင့်​ပေး​တော်​မူ​ရန်​ဆု​တောင်း​၏။-

11 သင်​တို့​သည်​တည်​ကြည်​ကြံ့​ခိုင်​စေ​ရန်​သင် တို့​အား​ဝိ​ညာဉ်​ဆု​ကျေး​ဇူး​ကို​ဝေ​မျှ​လို သ​ဖြင့် ငါ​သည်​သင်​တို့​နှင့်​အ​လွန်​တွေ့​လို ၏။-

12 တစ်​နည်း​ကား​ယင်း​သို့​တွေ့​ဆုံ​မိ​ကြ​သော အ​ခါ​သင်​တို့​နှင့်​ငါ​သည် မိ​မိ​တို့​အ​သီး သီး​၏​ယုံ​ကြည်​ခြင်း​ကို​ဝေ​မျှ​၍​အ​ပြန် အ​လှန်​အား​ပေး​နိုင်​လိမ့်​မည်​ဖြစ်​သည်။

13 ညီ​အစ်​ကို​တို့၊ ယု​ဒ​လူ​မျိုး​မ​ဟုတ်​သူ​လူ မျိုး​ခြား​ထံ​တွင်​အ​မှု​တော်​ဆောင်​ရာ​၌ အောင် မြင်​ခဲ့​သည့်​နည်း​တူ​သင်​တို့​ထံ​တွင်​လည်း​အောင် မြင်​နိုင်​ရန် ငါ​သည်​သင်​တို့​ထံ​သို့​လာ​ရန်​အ​ဖန်​ဖန် ကြံ​စည်​ခဲ့​၏။ သို့​သော်​လည်း​အ​ကြောင်း​မ​ညီ ညွတ်​သ​ဖြင့်​မ​လာ​ဖြစ်​ခဲ့​ကြောင်း​ကို​သင်​တို့ အား​သိ​စေ​လို​၏။-