ရော​မ 15:7-14 BCL

7 ထို့​ကြောင့်​ခ​ရစ်​တော်​သည် သင်​တို့​ကို​လက်​ခံ သ​ကဲ့​သို့​ဘု​ရား​သ​ခင်​၏​ဘုန်း​အ​သ​ရေ​တော် ထွန်း​တောက်​စေ​ရန် သင်​တို့​သည်​လည်း​အ​ချင်း ချင်း​တစ်​ယောက်​ကို​တစ်​ယောက်​လက်​ခံ​ကြ​လော့။-

8-9 ဘု​ရား​သ​ခင်​သည်​က​တိ​တည်​တော်​မူ​သော အ​ရှင်​ဖြစ်​ကြောင်း​ကို​ပြ​သ​ရန်၊ တစ်​နည်း​အား ဖြင့်​ဘိုး​ဘေး​တို့​အား​ဘု​ရား​သ​ခင်​ထား​တော် မူ​သော​ကတိ​တော်​ကို​အ​ကောင်​အ​ထည်​ဖော်​ရန် ခ​ရစ်​တော်​သည်​ယု​ဒ​အ​မျိုး​သား​တို့​၏​အ​ကျိုး ငှာ​ဆောင်​ရွက်​တော်​မူ​သည်​ဟု​ငါ​ဆို​၏။ လူ​မျိုး ခြား​တို့​ပင်​လျှင်​ဘု​ရား​သ​ခင်​၏​က​ရု​ဏာ တော်​ကို​ချီး​ကူး​နိုင်​ကြ​စေ​ရန်​အ​တွက်​လည်း ဆောင်​ရွက်​တော်​မူ​၏။ ကျမ်း​စာ​တော်​တွင်၊``ထို့​ကြောင့်​အ​ကျွန်ုပ်​သည်​လူ​မျိုး​ခြား​တို့​အ​ထဲ​တွင် ကိုယ်​တော်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ပါ​မည်။ကိုယ်​တော်​အား​ထော​မ​နာ​သီ​ချင်း​ဆို​ပါ​မည်''ဟု​ဖော်​ပြ​ပါ​ရှိ​သည့်​အ​တိုင်း​ပင်​ဖြစ်​ပေ သည်။-

10 တစ်​ဖန်​ကျမ်း​စာ​တော်​တွင်၊``လူ​မျိုး​ခြား​တို့၊ကိုယ်​တော်​၏​လူ​စု​တော်​နှင့် အ​တူ ရွှင်​လန်း​ဝမ်း​မြောက်​ကြ​လော့''ဟူ​၍​လည်း​ကောင်း၊

11 ``လူ​မျိုး​ခြား​အ​ပေါင်း​တို့၊ထာ​ဝ​ရ​ဘု​ရား​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​လော့။လူ​မျိုး​အ​ပေါင်း​တို့၊ကိုယ်​တော်​၏ ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​လော့''ဟူ​၍​လည်း​ကောင်း​ဖော်​ပြ​ပါ​ရှိ​၏။-

12 တစ်​ဖန်​ဟေ​ရှာ​ယ​က၊``ယေ​ရှဲ​၏​သား​မြေး​တစ်​ဦး​သည်​ပေါ်​ထွန်း လာ​လိမ့်​မည်။သူ​သည်​လူ​မျိုး​ခြား​တို့​ကို​အုပ်​စိုး​တော်​မူ​မည် ဖြစ်​၍၊ထို​သူ​တို့​သည်​သူ့​ကို​အား​ကိုး​မျှော်​လင့်​ကြ​လိမ့်​မည်''ဟု​ဖော်​ပြ​၏။-

13 သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​၏​တန်​ခိုး​အား​ဖြင့် သင်​တို့​၏​မျှော်​လင့်​ခြင်း​ပါ​ရ​မီ​ကြွယ်​ဝ​စေ ခြင်း​ငှာ မျှော်​လင့်​ခြင်း​၏​အ​ရှင်​ဘု​ရား​သ​ခင် သည် သင်​တို့​၏​ယုံ​ကြည်​မှု​ကြောင့်​သင်​တို့​အား ဝမ်း​မြောက်​ခြင်း​အ​မျိုး​မျိုး​နှင့်​ငြိမ်​သက်​ခြင်း ကို​ပေး​သ​နား​တော်​မူ​ပါ​စေ​သော။

14 ညီ​အစ်​ကို​တို့၊ သင်​တို့​သည်​ကောင်း​မြတ်​ခြင်း ပါ​ရ​မီ​နှင့်​လည်း​ကောင်း၊ အ​သိ​ပ​ညာ​အ​မျိုး မျိုး​နှင့်​လည်း​ကောင်း​ပြည့်​စုံ​လျက်​အ​ချင်း​ချင်း သွန်​သင်​နိုင်​ကြ​ကြောင်း​ကို​ငါ​စိတ်​ချ​ယုံ ကြည်​၏။-