8-9 ဘုရားသခင်သည်ကတိတည်တော်မူသော အရှင်ဖြစ်ကြောင်းကိုပြသရန်၊ တစ်နည်းအား ဖြင့်ဘိုးဘေးတို့အားဘုရားသခင်ထားတော် မူသောကတိတော်ကိုအကောင်အထည်ဖော်ရန် ခရစ်တော်သည်ယုဒအမျိုးသားတို့၏အကျိုး ငှာဆောင်ရွက်တော်မူသည်ဟုငါဆို၏။ လူမျိုး ခြားတို့ပင်လျှင်ဘုရားသခင်၏ကရုဏာ တော်ကိုချီးကူးနိုင်ကြစေရန်အတွက်လည်း ဆောင်ရွက်တော်မူ၏။ ကျမ်းစာတော်တွင်၊``ထို့ကြောင့်အကျွန်ုပ်သည်လူမျိုးခြားတို့အထဲတွင် ကိုယ်တော်၏ဂုဏ်တော်ကိုချီးကူးပါမည်။ကိုယ်တော်အားထောမနာသီချင်းဆိုပါမည်''ဟုဖော်ပြပါရှိသည့်အတိုင်းပင်ဖြစ်ပေ သည်။-