20 ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည်စာတန် အား သင်တို့၏ခြေအောက်တွင်မကြာမီချေမှုန်း တော်မူလိမ့်မည်။ငါတို့သခင်ယေရှု၏ကျေးဇူးတော်ကိုသင်တို့ ခံစားကြရပါစေသော။
21 ငါ၏လုပ်ဖော်ဆောင်ဘက်တိမောသေနှင့်ယုဒ အမျိုးသားဖြစ်ကြသူလုကိ၊ ယာသုန်နှင့်သော သိပတရုတို့ကသင်တို့အားနှုတ်ဆက်လိုက် ကြ၏။
22 ကျွန်ုပ်တေရတိသည်ဤစာကိုနှုတ်တိုက်လိုက်၍ ရေးသားခဲ့ပါ၏။ ကျွန်ုပ်ကလည်းခရစ်တော်အား ဖြင့်သင်တို့အားနှုတ်ဆက်လိုက်ပါ၏။
23 ငါ့အားဧည့်ဝတ်ပြုသူ၊ အသင်းတော်ဝင်အပေါင်း တို့ဝတ်ပြုရာအိမ်ရှင်ဂါယုကလည်းသင်တို့အား နှုတ်ဆက်လိုက်၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုက လည်းကောင်း၊ ငါတို့၏ညီအစ်ကိုကွာတုက လည်းကောင်းသင်တို့အားနှုတ်ဆက်လိုက်၏။-
24 ငါတို့သခင်ယေရှုခရစ်၏ကျေးဇူးတော်ကို သင်တို့အားလုံးခံစားကြရပါစေသော။ အာမင်။
25 ဘုရားသခင်၏ဘုန်းအသရေတော်အားငါ တို့ထောမနာပြုကြကုန်စို့။ ယေရှုခရစ်အကြောင်း ငါဟောပြောသောသတင်းကောင်းအရသော်လည်း ကောင်း၊ ရှေးကာလအဆက်ဆက်၌ကွယ်ဝှက်နေခဲ့ သောသစ္စာတရားပေါ်လွင်ထင်ရှားချက်အရသော် လည်းကောင်း ကိုယ်တော်သည်သင်တို့၏ယုံကြည် ခြင်းကိုခိုင်မြဲစေတော်မူနိုင်၏။-
26 သို့ရာတွင်ယခုအခါ၌ထိုလျှို့ဝှက်သည့်သစ္စာ တရားသည်ပရောဖက်ကျမ်းများအားဖြင့်ပေါ် လွင်ထင်ရှားလာလေပြီ။ လူမျိုးအပေါင်းတို့သည် ဘုရားသခင်ကိုယုံကြည်ကာကိုယ်တော်၏စကား တော်ကိုနာခံလာကြစေရန် နိစ္စထာဝရအသက် ရှင်တော်မူသောဘုရား၏အမိန့်တော်အရထို သစ္စာတရားကိုကြေညာလေပြီ။