14 လူမျိုးခြားတို့သည်မောရှေ၏ပညတ်တရား ကိုမခံယူမရရှိကြသော်လည်းပညတ် တရား၏ပြဋ္ဌာန်းချက်များကို မိမိတို့အလို ဆန္ဒအလျောက်ပြုကျင့်ကြသောအခါယင်း တို့သည်မိမိတို့အဖို့ပညတ်တရားဖြစ် လာ၏။-
15 ပညတ်တရား၏ပြဋ္ဌာန်းချက်များသည်ထို သူတို့၏နှလုံးသားတွင်ရေးသားထားလျက် ရှိကြောင်း သူတို့၏အပြုအမူများကထောက် ခံ၏။ သူတို့၏သြတ္တပ္ပစိတ်ကလည်းထောက်ခံ၏။ အဘယ်ကြောင့်ဆိုသော်သူတို့၏စိတ်နှလုံး သည် တစ်ခါတစ်ရံသူတို့ကိုပြစ်တင်၍ တစ်ခါ တစ်ရံလည်းသူတို့ကိုထောက်ခံသောကြောင့် ဖြစ်၏။-
16 သို့ဖြစ်၍ငါဟောပြောကြေညာသည့်သတင်း ကောင်းအရ တရားစီရင်တော်မူရာနေ့၌ ဘုရား သခင်သည်ယေရှုခရစ်အားဖြင့်လူခပ်သိမ်း တို့၏လျှို့ဝှက်သောအကြံအစည်များကို ထို သို့စစ်ဆေးစီရင်တော်မူပေအံ့။
17 သို့ရာတွင်အချင်းမိတ်ဆွေ၊ သင်သည်မိမိကိုယ် ကိုယုဒအမျိုးသားဖြစ်သည်ဟုဆိုကာ ပညတ် တရားကိုအားကိုးလျက်ဘုရားသခင်အကြောင်း ကိုကြွားဝါ၏။-
18 သင်သည်ဘုရားသခင်၏အလိုတော်ကိုသိမြင် သူဖြစ်သည်။ ပညတ်တရား၏သွန်သင်မှုအား ဖြင့်အမှန်ကိုသိမြင်လာသူဖြစ်၏။-
19-20 မိမိသည်မျက်မမြင်တို့၏လမ်းပြ၊ အမှောင် တွင်ရှိသူတို့၏အလင်း၊ လူမိုက်တို့၏နည်းပြ၊ မသိနားမလည်သူတို့၏ဆရာဖြစ်သည်ဟု အမှန်ပင်သင်ယုံကြည်၏။ ပညတ်တရားသည် အသိပညာနှင့်သမ္မာတရားအစုံအလင် ကိန်းအောင်းရာဖြစ်သည်ကိုလည်းသေချာ စွာသိ၏။-
21 သင်သည်သူတစ်ပါးတို့အားသွန်သင်ဆုံးမ သူဖြစ်ပါလျက် အဘယ်ကြောင့်မိမိကိုယ်ကို မသွန်သင်မဆုံးမပါသနည်း။ သင်သည်သူ တစ်ပါးတို့အားမခိုးမဝှက်ရန် သွန်သင် ဆုံးမပါလျက်အဘယ်ကြောင့်သင်ကိုယ်တိုင် ကခိုးဝှက်ပါသနည်း။-