23 လူမှန်သမျှသည်အပြစ်ကူးသူများဖြစ် ကြ၍ဘုရားသခင်၏ရှေ့တော်မှောက်မှဝေး ကွာစွာနေရကြ၏။-
24 လူတို့အားအပြစ်မှလွတ်မြောက်စေတော်မူ သောခရစ်တော်ယေရှုကိုအကြောင်းပြု၍ ဘုရားသခင်သည်အခမဲ့ကျေးဇူးတော် အားဖြင့်လူတို့အားမိမိနှင့်မှန်ကန်စွာ ဆက်ဆံစေတော်မူ၏။-
25-26 ခရစ်တော်အသေခံတော်မူခြင်းအားဖြင့် လူတို့သည်အပြစ်များမှပြေလွတ်နိုင်ကြ စေရန် ဘုရားသခင်သည်ထိုအရှင်ကိုပူဇော် သကာအဖြစ်သတ်မှတ်တော်မူ၏။ လူတို့သည် ခရစ်တော်ကိုယုံကြည်ခြင်းဖြင့်အပြစ်များ မှပြေလွတ်ခြင်းကိုခံစားရကြ၏။ ဘုရား သခင်သည်ခရစ်တော်ကိုပူဇော်သကာ အဖြစ်သတ်မှတ်တော်မူရခြင်းမှာ ကိုယ် တော်သည်ဖြောင့်မတ်တော်မူသောအရှင်ဖြစ် ကြောင်းကိုပြသရန်ဖြစ်၏။ ယခုခေတ် ကာလအထိဘုရားသခင်သည်စိတ်ရှည် သည်းခံတော်မူပြီးလျှင် လူတို့ကူးလွန်ခဲ့ သည့်အပြစ်များကိုအရေးယူတော်မမူ။ သို့ရာတွင်ယခုခေတ်ကာလ၌ကိုယ်တော် သည် မိမိ၏ဖြောင့်မတ်ခြင်းကိုပြသရန် လူတို့၏အပြစ်များကိုအရေးယူတော် မူ၏။ ဤနည်းအားဖြင့်ဘုရားသခင်သည် မိမိကိုယ်တိုင်ပင်ဖြောင့်မတ်တော်မူသော အရှင်ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ သခင်ယေရှုအားယုံကြည်သူအပေါင်းတို့ ကို မိမိနှင့်မှန်ကန်စွာဆက်ဆံစေတော်မူ ကြောင်းကိုလည်းကောင်းဖော်ပြတော်မူ၏။
27 သို့ဖြစ်၍ငါတို့ဝါကြွားစရာအကြောင်း အဘယ်မှာရှိတော့အံ့နည်း။ ငါတို့ဝါကြွား စရာအကြောင်းမရှိ။ အဘယ်ကြောင့်နည်း။ ပညတ်တရားကိုငါတို့လိုက်နာကျင့်သုံး ကြသည့်အတွက်ကြောင့်လော။ မဟုတ်ပါ။ ယုံကြည်သည့်အတွက်ကြောင့်ဖြစ်၏။-
28 ယုံကြည်ခြင်းအားဖြင့်သာလျှင်ကိုယ်တော် နှင့်မှန်ကန်စွာဆက်ဆံခွင့်ကိုရရှိနိုင်ကြောင်း၊ ပညတ်တရားကိုကျင့်သုံးခြင်းအားဖြင့် မရရှိနိုင်ကြောင်းငါတို့ယခုသိကြပြီ ဖြစ်သည်။-
29 ဘုရားသခင်သည်ယုဒအမျိုးသားတို့၏ ဘုရားသာဖြစ်သလော။ လူမျိုးခြားတို့၏ ဘုရားလည်းမဟုတ်လော။ ဟုတ်ပေ၏။-
30 ဘုရားသခင်သည်တစ်ဆူတည်းဖြစ်တော်မူ ၏။ ကိုယ်တော်သည်ယုံကြည်ခြင်းကြောင့်ယုဒ အမျိုးသားတို့ကို မိမိနှင့်မှန်ကန်စွာဆက် သွယ်စေတော်မူ၏။-