39 ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး လှည့်လည်တော်မူ၍ တရားဇရပ်များတွင်တရား ဟောတော်မူ၏။ ထို့အပြင်နတ်မိစ္ဆာများကိုနှင် ထုတ်တော်မူ၏။
40 အရေပြားရောဂါစွဲကပ်သူလူတစ်ယောက်သည် ကိုယ်တော်၏ရှေ့မှောက်သို့လာရောက်ဒူးထောက် ၍ ``အရှင်အလိုတော်ရှိလျှင် အကျွန်ုပ်ကိုရောဂါ မှသန့်စင်စေနိုင်ပါသည်'' ဟုလျှောက်ထား တောင်းပန်၏။
41 ကိုယ်တော်သည်သနားတော်မူသဖြင့် လက်တော်ကို ဆန့်၍ထိုသူ့ကိုတို့ထိတော်မူ၏။ ``ငါအလိုရှိ၏။ သန့်စင်စေ'' ဟုမိန့်တော်မူ၏။-
42 မိန့်တော်မူသည့်ခဏ၌ ထိုသူသည်ရောဂါပျောက် ၍သန့်စင်သွားလေသည်။-
43-44 ချက်ချင်းပင်သခင်ယေရှုသည်ထိုသူအား ``ဤ အဖြစ်အပျက်အကြောင်းကိုမည်သူ့အားမျှ မပြောနှင့်၊ ယဇ်ပုရောဟိတ်ထံသို့မူသွား၍သင်၏ ကိုယ်ကိုပြလော့။ သင်သန့်စင်သွားသည့်အတွက် လူတို့ရှေ့တွင်သက်သေပြရန် မောရှေမိန့်မှာသည့် ပူဇော်သကာကိုဆက်သလော့'' ဟုကြပ်တည်းစွာ သတိပေး၍ထွက်ခွာသွားစေတော်မူ၏။
45 ထိုသူသည်ထွက်ခွာ၍သွား၏။ သို့ရာတွင်မိမိ၏ အဖြစ်အပျက်အကြောင်းကို အနှံ့အပြား ပြောကြားလေသည်။ ထိုသတင်းသည်လွန်စွာ ပြန့်သွားရကားသခင်ယေရှုသည် အဘယ်မြို့သို့မျှ အထင်အရှားမဝင်နိုင်တော့ချေ။ ဆိတ်ကွယ်ရာ မြို့ပြင်ဒေသများမှာသာနေရ၏။ သို့သော် အရပ်ရပ်မှလူအပေါင်းတို့သည်အထံတော် သို့လာရောက်ကြကုန်၏။