28 ``အရှင်သည်ဤအမှုအရာများကိုအဘယ် အခွင့်အာဏာနှင့်ပြုတော်မူပါသနည်း။ ထို အခွင့်အာဏာကိုအရှင့်အားအဘယ်သူအပ် နှင်းပါသနည်း'' ဟုလျှောက်ထားမေးမြန်း ကြ၏။
29 သခင်ယေရှုက ``သင်တို့အားငါတစ်ခုမေးမည်။ သင်တို့ဖြေပြီးမှဤအမှုအရာများကို အဘယ် အခွင့်အာဏာနှင့်ငါပြုသည်ကိုပြောမည်။-
30 ဗတ္တိဇံမင်္ဂလာကိုယောဟန်ပေးသည်မှာဘုရား သခင်၏အခွင့်အာဏာအရလော။ လူတို့၏ အခွင့်အာဏာအရလော၊ ငါ့အားဖြေကြား ကြလော့'' ဟုမိန့်တော်မူ၏။
31 သူတို့သည် ``အကယ်၍ဘုရားသခင်၏အခွင့် အာဏာအရဟု ငါတို့ဆိုလျှင်ယောဟန်ကိုသင် တို့အဘယ်ကြောင့်မယုံကြည်ကြသနည်းဟု မေးလိမ့်မည်။-
32 သို့ရာတွင်လူတို့၏အခွင့်အာဏာအရဟုငါ တို့ဆိုမည်လော'' ဟုအချင်းချင်းဆွေးနွေးကြ၏။ (သူတို့သည်လူပရိသတ်ကိုကြောက်ကြ၏။ အဘယ်ကြောင့်ဆိုသော်လူအပေါင်းတို့သည် ယောဟန်ကိုပရောဖက်ဟုယုံကြည်ကြသော ကြောင့်တည်း။)-
33 သို့ဖြစ်၍သူတို့က ``အကျွန်ုပ်တို့မသိပါ'' ဟု သခင်ယေရှုအားပြန်လည်လျှောက်ထားကြ၏။ထိုအခါသခင်ယေရှုက ``ထိုနည်းတူဤအမှု အရာများကိုအဘယ်အခွင့်အာဏာနှင့်ငါပြု သည်ကိုငါမပြော'' ဟုမိန့်တော်မူ၏။