ရှင်မာကု 13:19-25 BCL

19 လော​က​ကို​ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​ချိန် မှ​စ​၍ အ​ဘယ်​ကာ​လ​၌​မျှ​ဤ​ဆင်း​ရဲ​ဒုက္ခ​မျိုး​ကို လူ​တို့​မ​ကြုံ​စ​ဖူး။ နောင်​ကာ​လ​၌​လည်း​တွေ့​ကြုံ ရ​ကြ​လိမ့်​မည်​မ​ဟုတ်။-

20 ထာ​ဝ​ရ​ဘု​ရား​သည်​ထို​နေ့​ရက်​ကာ​လ​ကို​တို​စေ တော်​မ​မူ​လျှင် အ​ဘယ်​သူ​မျှ​အ​သက်​ဘေး​မှ ကင်း​လွတ်​နိုင်​လိမ့်​မည်​မ​ဟုတ်။ သို့​ရာ​တွင်​ကိုယ်​တော် သည်​မိ​မိ​ရွေး​ချယ်​ထား​တော်​မူ​သော​သူ​များ အ​ဖို့​အ​လို့​ငှာ​ထို​နေ့​ရက်​ကာ​လ​ကို​တို​စေ တော်​မူ​ပြီ။

21 ``ထို​ကာ​လ​၌​လူ​တစ်​စုံ​တစ်​ယောက်​က `ကြည့်​လော့၊ ဤ​အ​ရပ်​တွင်​မေ​ရှိ​ယ​ရှိ​သည်' ဟူ​၍​လည်း​ကောင်း၊ `ထို​အ​ရပ်​တွင်၊ မေ​ရှိ​ယ​ရှိ​သည်' ဟူ​၍​လည်း​ကောင်း ဆို​သော်​မ​ယုံ​ကြည်​နှင့်။-

22 မေ​ရှိ​ယ​အ​တု​အ​ယောင်​များ​နှင့်​ပ​ရော​ဖက် အ​တု​အ​ယောင်​များ​ပေါ်​လာ​လိမ့်​မည်။ သူ​တို့ သည်​ဖြစ်​နိုင်​ပါ​က​ဘု​ရား​သ​ခင်​ရွေး​ချယ် ထား​သူ​များ​ကို​ပင်​လှည့်​စား​နိုင်​ရန် အံ့​သြ​ဖွယ် အ​မှု​အ​ရာ​များ​နှင့်​နိ​မိတ်​လက္ခ​ဏာ​များ​ကို ပြ​ကြ​လိမ့်​မည်။-

23 သင်​တို့​သည်​သ​တိ​နှင့်​နေ​ကြ​လော့။ ဤ​အ​မှု အ​ရာ​အ​လုံး​စုံ​တို့​မ​ဖြစ်​ပေါ်​မီ​သင်​တို့ အား​ငါ​ကြို​တင်​ဖော်​ပြ​ပြီ။''

24 ``ဆင်း​ရဲ​ဒုက္ခ​များ​ကျ​ရောက်​ပြီး​သော​ကာ​လ​၌ နေ​သည်​မှောင်​မိုက်​၍​သွား​လိမ့်​မည်။ လ​သည် အ​လင်း​ရောင်​ကို​ပေး​လိမ့်​မည်​မ​ဟုတ်။-

25 ကြယ်​များ​သည်​ကောင်း​ကင်​မှ​ကြွေ​လိမ့်​မည်။ ကောင်း​ကင်​နက္ခတ်​များ​သည်​လမ်း​ကြောင်း​ပြောင်း ကြ​လိမ့်​မည်။-