3 ယဇ်ပုရောဟိတ်ကြီးတို့သည်ကိုယ်တော်အပေါ် အပြစ်များစွာစွပ်စွဲကြ၏။-
4 သို့ဖြစ်၍တစ်ဖန်ပိလတ်မင်းကကိုယ်တော် အား ``သင်သည်မည်သို့မျှမဖြေဘဲနေပါ သလော။ သင့်အပေါ်မည်မျှအပြစ်တင်သည် ကိုကြည့်ပါ'' ဟုဆို၏။
5 သခင်ယေရှုသည်ဆိတ်ဆိတ်နေတော်မူသဖြင့် ပိလတ်မင်းသည်အံ့သြလေ၏။
6 ပိလတ်မင်းသည်ပသခါပွဲအခါကျတိုင်း ပြည်သူတို့တောင်းသည့်အကျဉ်းသမား တစ်ယောက်ကိုလွတ်ငြိမ်းချမ်းသာခွင့်ပေး လေ့ရှိ၏။-
7 ထိုအချိန်၌ပုန်ကန်ထကြွမှုနှင့်လူသတ်မှု ဖြင့် အကျဉ်းခံနေရသူများရှိ၏။ ထိုသူတို့ အထဲတွင်ဗာရဗ္ဗဆိုသူတစ်ဦးလည်းပါ၏။-
8 လူပရိသတ်တို့သည်ပွဲတော်အခါ၌အစဉ် အလာရှိသည်အတိုင်းတောင်းခံရန်ပိလတ် မင်းထံလာရောက်ကြသောအခါ၊-
9 ပိလတ်မင်းက ``သင်တို့သည်ယုဒရှင်ဘုရင် အား လွတ်ငြိမ်းချမ်းသာခွင့်ပေးစေလိုသလော'' ဟုမေး၏။-