38 ထိုအခါဗိမာန်တော်ကန့်လန့်ကာသည် အထက် စွန်းမှအောက်စွန်းတိုင်အောင်နှစ်ခြမ်းကွဲလေ၏။-
39 ကိုယ်တော်၏ရှေ့တွင်ရပ်နေသူတပ်မှူးသည် ကိုယ် တော်အသက်ချုပ်တော်မူပုံကိုမြင်သဖြင့် ``ဤသူကားအကယ်ပင်ဘုရားသခင်၏ သားတော်ဖြစ်၏'' ဟုဆို၏။
40 အမျိုးသမီးအချို့တို့သည်အဝေးကရပ် လျက်ကြည့်နေကြ၏။ ထိုသူတို့အထဲတွင် မာဂဒလရွာသူမာရိ၊ ယာကုပ်ငယ်နှင့် ယောသေတို့၏အမိဖြစ်သူမာရိနှင့်ရှာလုံ တို့ပါ၏။-
41 သူတို့သည်ကိုယ်တော်ဂါလိလဲပြည်တွင်ရှိ တော်မူခဲ့စဉ် နောက်တော်သို့လိုက်၍လုပ်ကျွေး သမှုပြုကြသူများဖြစ်၏။ သူတို့အပြင် ကိုယ်တော်နှင့်ယေရုရှလင်မြို့သို့လိုက်လာ သောအခြားအမျိုးသမီးများလည်းထို အရပ်တွင်ရှိနေကြ၏။
42-43 ထိုနေ့ကား (ဥပုသ်နေ့အကြို) ပြင်ဆင်ရာအဖိတ် နေ့ဖြစ်၏။ ညနေချမ်းအချိန်ကျသောအခါ အရိမဿဲမြို့သားယောသပ်ရောက်ရှိလာ၏။ သူ သည်ဂုဏ်အသရေကြီးမြင့်သူ၊ တရားလွှတ်တော် အဖွဲ့ဝင်ဖြစ်၏။ ဘုရားသခင်၏နိုင်ငံတော်တည် မည့်အချိန်ကိုစောင့်မျှော်နေသူဖြစ်၏။ သူသည် အရဲတင်းစွာပိလတ်မင်းထံသို့ဝင်ပြီးလျှင် သခင်ယေရှု၏အလောင်းတော်ကိုတောင်းလေ၏။-
44 ပိလတ်မင်းသည်ကိုယ်တော်အသက်ချုပ်တော်မူ ပြီဖြစ်ကြောင်းကိုကြားသော် အံ့အားသင့်သွား သဖြင့်တပ်မှူးကိုခေါ်၍ ကိုယ်တော်အသက်ချုပ် တော်မူသည်မှာမည်မျှကြာပြီဖြစ်ကြောင်း ကိုစုံစမ်းမေးမြန်း၏။-
45 သူသည်တပ်မှူး၏အစီရင်ခံချက်ကိုကြား ရပြီးနောက် ယောသပ်အားအလောင်းတော်ကို ယူခွင့်ပြု၏။-