ရှင်ယောဟန် 19:14-20 BCL

14 ထို​အ​ချိန်​ကား​ပ​သ​ခါ​ပွဲ​အ​ကြို​နေ့၊ မွန်း​တည့် ခါ​နီး​ဖြစ်​သ​တည်း။ ပိ​လတ်​မင်း​က ``ကြည့် ကြ​လော့၊ ဤ​မှာ​သင်​တို့​၏​ရှင်​ဘု​ရင်​တည်း'' ဟု​ယု​ဒ​အ​မျိုး​သား​တို့​အား​ဆို​၏။

15 ထို​သူ​တို့​က ``သူ့​ကို​သတ်​ပါ၊ သူ့​ကို​သတ်​ပါ။ လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ပါ'' ဟု ပြန်​၍​ဟစ်​အော်​ကြ​၏။ပိ​လတ်​မင်း​က ``သင်​တို့​၏​ရှင်​ဘု​ရင်​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​စေ​လို သ​လော'' ဟု​မေး​၏။ယဇ်​ပု​ရော​ဟိတ်​ကြီး​များ​က ``အ​ကျွန်ုပ်​တို့ မှာ​ဧ​က​ရာဇ်​မင်း​မှ​တစ်​ပါး​အ​ခြား​ရှင် ဘု​ရင်​မ​ရှိ​ပါ'' ဟု​ပြန်​ပြော​ကြ​၏။

16 ထို​အ​ခါ​ပိ​လတ်​မင်း​သည်​ကိုယ်​တော်​ကို လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ရန် ထို​သူ တို့​လက်​သို့​အပ်​လိုက်​လေ​၏။သို့​ဖြစ်​၍​သူ​တို့​သည်​ကိုယ်​တော်​ကို​ခေါ်​ဆောင် သွား​ကြ​၏။-

17 ကိုယ်​တော်​သည်​ဦး​ခေါင်း​ခွံ​ဟု​နာ​မည်​တွင်​သော အ​ရပ်​သို့​မိ​မိ​၏​လက်​ဝါး​ကပ်​တိုင်​ကို​ထမ်း လျက်​ကြွ​တော်​မူ​၏။ (ထို​အ​ရပ်​ကို​ဟေ​ဗြဲ ဘာ​သာ​အား​ဖြင့် ``ဂေါ​လ​ဂေါ​သ'' ဟု​ခေါ် သ​တည်း။)-

18 ထို​အ​ရပ်​မှာ​ကိုယ်​တော်​ကို​လက်​ဝါး​ကပ်​တိုင်​တွင် တင်​၍​သတ်​ကြ​၏။ ကိုယ်​တော်​နှင့်​အ​တူ​အ​ခြား သူ​နှစ်​ယောက်​ကို​လည်း​ကိုယ်​တော်​၏​လက်​ယာ ဘက်​တွင်​တစ်​ယောက် လက်​ဝဲ​ဘက်​တွင်​တစ်​ယောက် လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ကြ​၏။ ကိုယ်​တော်​ကို​မူ​ကား​အ​လယ်​တွင်​ထား သ​တည်း။-

19 ပိ​လတ်​မင်း​သည်​ကမ္ပည်း​လိပ်​စာ​ရေး​၍​ကိုယ်​တော် ၏​လက်​ဝါး​ကပ်​တိုင်​ပေါ်​မှာ​ကပ်​ထား​စေ​၏။ ထို ကမ္ပည်း​လိပ်​စာ​ကား ``ယု​ဒ​ဘု​ရင်၊ နာ​ဇ​ရက်​မြို့ သား​ယေ​ရှု'' ဟူ​၍​ဖြစ်​သ​တည်း။-

20 သ​ခင်​ယေ​ရှု​ကို​လက်​ဝါး​ကပ်​တိုင်​တွင်​တင် ၍​သတ်​သည့်​အ​ရပ်​မှာ​မြို့​နှင့်​နီး​ကပ်​သ​ဖြင့် လူ​အ​များ​ပင်​ထို​ကမ္ပည်း​လိပ်​စာ​ကို​ဖတ် ကြည့်​ကြ​၏။ ကမ္ပည်း​လိပ်စာ​ကို​ယု​ဒ​ဘာ​သာ၊ လက်​တင်​ဘာ​သာ​နှင့်​ဂ​ရိ​ဘာ​သာ​တို့​ဖြင့် ရေး​သား​ထား​သည်။-