ရှင်ယောဟန် 19:8-14 BCL

8 ထို​သူ​တို့​၏​စ​ကား​ကို​ကြား​လျှင်​ပိ​လတ် မင်း​သည်​ပို​၍​ပင်​ကြောက်​လန့်​လာ​၏။-

9 သို့​ဖြစ်​၍​အိမ်​တော်​ထဲ​သို့​ပြန်​ဝင်​ပြီး​နောက် သ​ခင်​ယေ​ရှု​အား ``သင်​သည်​အ​ဘယ်​မှ​လာ သ​နည်း'' ဟု​မေး​၏။သို့​ရာ​တွင်​သ​ခင်​ယေ​ရှု​သည်​မည်​သို့​မျှ ဖြေ​ကြား​တော်​မ​မူ။-

10 ပိ​လတ်​မင်း​က ``သင်​သည်​ငါ​နှင့်​စကား​ပြော ရန်​ငြင်း​ဆန်​နေ​ပါ​သ​လော။ ငါ​သည်​သင့်​ကို လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​ပိုင်​သည်​ကို​လည်း ကောင်း၊ လက်​ဝါး​ကပ်​တိုင်​တွင်​တင်​၍​သတ်​ပိုင် သည်​ကို​လည်း​ကောင်း​သင်​မ​သိ​ပါ​သ​လော'' ဟု​မေး​၏။

11 သ​ခင်​ယေ​ရှု​က ``မင်း​ကြီး​အား​ဘု​ရား​သ​ခင် အပ်​နှင်း​၍​သာ​ဤ​သို့​သော​အ​ခွင့်​အာ​ဏာ​ကို ခံ​ယူ​ရ​ရှိ​သည်။ ထို့​ကြောင့်​အ​ကျွန်ုပ်​အား​မင်း ကြီး​၏​လက်​သို့​အပ်​နှံ​သူ​သည်​ပို​၍​အ​ပြစ် ကြီး​၏'' ဟု​မိန့်​တော်​မူ​၏။-

12 ဤ​သို့​မိန့်​တော်​မူ​သော​ကြောင့်​ပိ​လတ်​မင်း​သည် ကိုယ်​တော်​ကို​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး​ရန် နည်း​လမ်း​ရှာ​ကြံ​လေ​တော့​၏။ သို့​ရာ​တွင်​လူ ထု​က ``ထို​သူ​အား​လွတ်​ငြိမ်း​ချမ်း​သာ​ခွင့်​ပေး ပါ​မူ​အ​ရှင်​မင်း​ကြီး​သည်​ဧ​က​ရာဇ်​မင်း​၏ အ​ဆွေ​တော်​မ​ဟုတ်​တော့​ပြီ။ မည်​သူ​မ​ဆို မိ​မိ​ကိုယ်​ကို​ရှင်​ဘု​ရင်​ဟု​ဆို​သူ​သည် ဧ​က​ရာဇ်​မင်း​ကို​ပုန်​ကန်​သူ​ဖြစ်​ပါ​၏'' ဟု ဟစ်​အော်​ကြ​၏။

13 ဤ​စ​ကား​ကို​ကြား​သော​အ​ခါ​ပိ​လတ်​မင်း သည်​သ​ခင်​ယေ​ရှု​ကို​အ​ပြင်​သို့​ထုတ်​ဆောင် ခဲ့​ပြီး​လျှင် ကျောက်​ပြား​စင်္ကြံ​ပေါ်​ရှိ​တ​ရား ခွင်​တွင်​ထိုင်​လေ​၏။ (ထို​စင်္ကြံ​ကို​ဟေ​ဗြဲ ဘာ​သာ​ဖြင့်​ဂဗ္ဗ​သ​ဟု​ခေါ်​၏။)-

14 ထို​အ​ချိန်​ကား​ပ​သ​ခါ​ပွဲ​အ​ကြို​နေ့၊ မွန်း​တည့် ခါ​နီး​ဖြစ်​သ​တည်း။ ပိ​လတ်​မင်း​က ``ကြည့် ကြ​လော့၊ ဤ​မှာ​သင်​တို့​၏​ရှင်​ဘု​ရင်​တည်း'' ဟု​ယု​ဒ​အ​မျိုး​သား​တို့​အား​ဆို​၏။