ဧ​ဖက် 3:4-10 BCL

4 သင်​တို့​သည်​ထို​ဖော်​ပြ​ချက်​ကို​ဖတ်​ရှု​ခြင်း အား​ဖြင့်​ခ​ရစ်​တော်​၏​နက်​နဲ​သည့်​အ​ရာ​ကို ငါ​သိ​ရှိ​နား​လည်​ကြောင်း​သိ​မြင်​နိုင်​ကြ​၏။-)

5 ဘု​ရား​သ​ခင်​သည်​ထို​နက်​နဲ​သော​အ​ရာ​ကို ယ​ခင်​ခေတ်​အ​ခါ​များ​က​လူ​သား​တို့​အား ဖွင့်​ပြ​တော်​မ​မူ​ခဲ့​သော်​လည်း ယ​ခု​အ​ခါ ၌​ကိုယ်​တော်​၏​သန့်​ရှင်း​မြင့်​မြတ်​သူ​တ​မန် တော်​များ​နှင့်​ပ​ရော​ဖက်​များ​အား​ဝိ​ညာဉ် တော်​အား​ဖြင့်​ဖွင့်​ပြ​တော်​မူ​လေ​ပြီ။-

6 ထို​နက်​နဲ​သော​အ​ရာ​ကား​သ​တင်း​ကောင်း အား​ဖြင့် လူ​မျိုး​ခြား​တို့​သည်​ယု​ဒ​အ​မျိုး သား​များ​နှင့်​အ​တူ ဘု​ရား​သ​ခင်​၏​ကောင်း ချီး​မင်္ဂ​လာ​ကို​ခံ​စား​ခွင့်​ရ​ရှိ​ကြ​၏။ သူ​တို့ သည်​ခန္ဓာ​တော်​၏​အင်္ဂါ​များ​ဖြစ်​၍​ခ​ရစ်​တော် ယေ​ရှု​အား​ဖြင့် ဘု​ရား​သ​ခင်​ပေး​တော်​မူ သော​က​တိ​တော်​ကို​ပါ​ဝင်​ခံ​စား​ခွင့်​ရ​ရှိ ကြ​၏။

7 တန်​ခိုး​တော်​ပြု​ပြင်​သော​အား​ဖြင့်​ငါ့​အား ဘု​ရား​သ​ခင်​ပေး​သ​နား​တော်​မူ​သော​အ​ထူး ဆု​ကျေး​ဇူး​တော်​နှင့်​အ​ညီ​ငါ​သည်​သ​တင်း ကောင်း​ကို​ကြေ​ညာ​သူ​ဖြစ်​လာ​၏။-

8 ငါ​သည်​ဘု​ရား​သ​ခင်​၏​လူ​စု​တော်​တွင်​အ​သိမ် ငယ်​ဆုံး​ဖြစ်​ပေ​သည်။ သို့​ရာ​တွင်​ကိုယ်​တော်​သည် ခ​ရစ်​တော်​၏​အ​တိုင်း​မ​သိ​ကြွယ်​ဝ​ချမ်း​သာ ခြင်း​ဆိုင်​ရာ​သ​တင်း​ကောင်း​ကို​လူ​မျိုး​ခြား တို့​အား​ဟော​ပြော​ကြေ​ညာ​ရန်​နှင့်၊-

9 ဘု​ရား​သ​ခင်​၏​နက်​နဲ​သော​အ​ကြံ​အ​စည် တော်​သည်​အ​ဘယ်​သို့​အ​ကောင်​အ​ထည်​ပေါ် လာ​မည်​ကို လူ​အ​ပေါင်း​တို့​အား​ရှင်း​လင်း ဖော်​ပြ​ရန်​အ​ခွင့်​ထူး​ကို​ငါ့​အား​ပေး​သ​နား တော်​မူ​၏။ ခပ်​သိမ်း​သော​အ​ရာ​တို့​ကို​ဖန်​ဆင်း တော်​မူ​သော​ဘု​ရား​သ​ခင်​သည် ရှေး​ကာ​လ အ​ဆက်​ဆက်​က​ထို​အ​ကြံ​အ​စည်​တော် ကို​ကွယ်​ဝှက်​၍​ထား​တော်​မူ​ခဲ့​၏။-

10 ဤ​သို့​ပြု​တော်​မူ​ခြင်း​မှာ​ကောင်း​ကင်​လော​က ကို​အ​စိုး​ရ​သူ​များ​နှင့်​အာ​ဏာ​ပိုင်​များ​သည် ကိုယ်​တော်​၏​အ​ထူး​ထူး​အ​ပြား​ပြား​သော ဉာဏ်​ပ​ညာ​တော်​ကို ယ​ခု​အ​ခါ​၌​အ​သင်း တော်​အား​ဖြင့်​သိ​လာ​ကြ​စေ​ရန်​ပင်​ဖြစ် ပေ​သည်။-