10 သူတို့အားဦးစွာစစ်ဆေး၍အပြစ်ကင်းမှ အမှုတော်ဆောင်ခွင့်ပြုကြလော့။-
11 သူတို့၏ဇနီးများသည်လည်းစာရိတ္တကောင်း မွန်သူများဖြစ်ရမည်။ အတင်းပြောဆိုတတ် သူများမဖြစ်စေရ။ ဣန္ဒြေရှိသူ၊ အရာရာ၌ ရိုးသားဖြောင့်မတ်သူများဖြစ်ရကြမည်။-
12 သင်းထောက်လူကြီး၌ဇနီးတစ်ယောက်သာ ရှိရမည်။ သူသည်မိမိ၏သားသမီးများနှင့် အိမ်ထောင်ကိုကောင်းစွာအုပ်ထိန်းနိုင်သူဖြစ် ရမည်။-
13 မိမိတို့၏အလုပ်တာဝန်ကိုအောင်မြင်စွာ ဆောင်ရွက်ကြသောသင်းထောက်လူကြီးများ သည်ဂုဏ်ရည်မြင့်လျက် မိမိတို့၏ခရစ်တော် ကိုယုံကြည်ခြင်းအကြောင်းတရားကို ရဲရင့်စွာဟောပြောနိုင်ကြ၏။
14 ငါသည်ဤစာကိုရေးနေချိန်၌သင့်ထံသို့ မကြာမီလာရောက်ရန်မျှော်လင့်လျက်ရှိ၏။-
15 သို့ရာတွင်အကယ်၍ငါလာရောက်ရန်နှောင့်နှေး ကြန့်ကြာနေခဲ့သော် ဘုရားသခင်၏အိမ်ထောင် စုသားတို့အဘယ်သို့ပြုမူကျင့်ကြံသင့်သည် ကိုသင်သိရှိနိုင်စေရန် ဤစာကိုရေးလိုက်ရ ခြင်းဖြစ်ပေသည်။ ထိုအိမ်ထောင်စုကားအသက် ရှင်တော်မူသောဘုရားသခင်၏အသင်းတော် ပင်တည်း။ ထိုအသင်းတော်သည်သမ္မာတရား၏ မဏ္ဍိုင်ဖြစ်၏။-
16 ငါတို့၏ဘာသာတရားတော်နက်နဲပုံကို အဘယ်သူမျှငြင်းဆို၍မရပေ။ ထိုနက်နဲ ပုံကားအောက်ပါအတိုင်းဖြစ်သည်။ကိုယ်တော်သည်ကိုယ်ခန္ဓာ၌ပေါ်ထွန်းတော်မူ ပြီ။ဟုတ်မှန်တော်မူကြောင်းကိုဝိညာဉ်တော်အားဖြင့် ဖော်ပြတော်မူပြီ။ကောင်းကင်တမန်များသည်ကိုယ်တော်ကို ရှုမြင်ရကြပြီ။ကိုယ်တော်၏အကြောင်းတော်ကို လူမျိုးတကာတို့အားကြေညာပြီ။ကမ္ဘာပေါ်ရှိလူတို့သည်ယုံကြည်ကြပြီ။ကောင်းကင်ဘုံသို့ဆောင်ယူခြင်းကိုခံတော် မူပြီ။