၁ တိ 5:3-9 BCL

3 သင်​သည်​တစ်​ကိုယ်​ရေ​တစ်​ကာ​ယ​အ​မှန်​ဖြစ် သော​မု​ဆိုး​မ​တို့​အား ရို​သေ​သ​မှု​ကို​ပြု​လော့။-

4 သို့​ရာ​တွင်​မု​ဆိုး​မ​တစ်​စုံ​တစ်​ယောက်​တွင်​သား မြေး​ရှိ​လျှင် သူ​တို့​သည်​မိ​မိ​တို့​၏​အိမ်​ထောင်​စု ဆိုင်​ရာ​ဘာ​သာ​ရေး​တာ​ဝန်​ဝတ္တ​ရား​များ​ကို လည်း​ကောင်း၊ မိ​မိ​တို့​အား​ကျွေး​မွေး​ပြု​စု​ခဲ့​သူ မိ​ဘ​ဘိုး​ဘွား​တို့​၏​ကျေး​ဇူး​ကို​ပြန်​လည်​ဆပ် ပေး​မှု​ကို​လည်း​ကောင်း​ဦး​စွာ​သင်​ရ​ကြ​ပေ​မည်။ ဤ​သို့​သော​အ​မှု​ကို​ဘု​ရား​သခင်​နှစ်​သက် တော်​မူ​၏။-

5 တစ်​ကိုယ်​ရေ​တစ်​ကာ​ယ​ဖြစ်​သော​မု​ဆိုး​မ​သည် မိ​မိ​အား​ပြု​စု​မည့်​သူ​မ​ရှိ​သ​ဖြင့်​ဘု​ရား သ​ခင်​ကို​အား​ကိုး​မျှော်​လင့်​လျက် နေ့​ည မ​ပြတ်​ဆု​တောင်း​ပတ္ထနာ​ပြု​၍​ကိုယ်​တော်​၏ အ​ကူ​အ​ညီ​ကို​တောင်း​ခံ​တတ်​၏။-

6 သို့​ရာ​တွင်​အ​ပျော်​အ​ပါး​မက်​သော​မု​ဆိုး မ​မူ​ကား အ​သက်​ရှင်​လျက်​ပင်​ရှိ​သော်​လည်း အ​သေ​ကဲ့​သို့​ဖြစ်​၏။-

7 မု​ဆိုး​မ​များ​သည်​သူ​တစ်​ပါး​တို့​အ​ပြစ်​တင် ခြင်း​နှင့်​ကင်း​လွတ်​ကြ​စေ​ရန် ဤ​ညွှန်​ကြား​ချက် များ​ကို​သူ​တို့​အား​ပေး​လော့။-

8 မိ​မိ​၏​ဆွေ​မျိုး​သား​ချင်း၊ အ​ထူး​သ​ဖြင့် မိ​မိ အိမ်​ထောင်​စု​သား​တို့​အား​မ​ပြု​စု​ဘဲ​နေ​သော သူ​သည် ယုံ​ကြည်​ခြင်း​တ​ရား​တော်​ကို​ပစ်​ပယ် သူ​ဖြစ်​၍ မ​ယုံ​ကြည်​သူ​ထက်​ပို​၍​ပင်​ဆိုး​ရွား ပေ​သည်။

9 မု​ဆိုး​မ​တစ်​ယောက်​သည်​အ​သက်​ခြောက်​ဆယ် ကျော်​မှ​သာ​လျှင် မု​ဆိုး​မ​စာ​ရင်း​တွင်​နာ​မည် သွင်း​ပါ။ သူ​သည်​တစ်​ကြိမ်​သာ​လျှင်​ထိမ်း​မြား လက်​ထပ်​ခဲ့​သူ​ဖြစ်​ရ​မည်။-