18 သူတစ်ပါးတို့အားကျေးဇူးပြုတတ်ကြ စေရန်လည်းကောင်း၊ အကျင့်ကောင်းများနှင့် ကြွယ်ဝပြည့်စုံ၍ရက်ရောစွာဝေငှပေး ကမ်းတတ်ကြစေရန်လည်းကောင်းသူတို့ အားဆုံးမသွန်သင်လော့။-
19 ဤနည်းအားဖြင့်သူတို့သည်အနာဂတ် အတွက်ခိုင်ခံ့သည့်အုတ်မြစ်တည်းဟူသော ဘဏ္ဍာကိုစုဆောင်းရာရောက်၍ စစ်မှန်သော အသက်ကိုရရှိကြလိမ့်မည်။
20 တိမောသေ၊ သင့်အားပေးအပ်ထားသည့်အရာ ကိုစောင့်ထိန်းလော့။ သိမ်ဖျင်းသောစကားနှင့် အကျိုးမဲ့သောစကားကိုလည်းကောင်း၊ လူ အချို့တို့မှားယွင်းစွာ ခေါ်ဆိုသည့်``အသိပညာ'' အကြောင်းနှင့်ပတ်သက်၍အငြင်းပွားမှု တို့ကိုလည်းကောင်းရှောင်ရှားလော့။-
21 လူအချို့တို့သည်အသိပညာကိုရရှိပြီ ဟုဆိုကာယုံကြည်ခြင်းတရားလမ်းမှလွဲ သွားကြပြီ။သင်တို့အပေါင်းသည်ဘုရားသခင်ထံတော် မှကျေးဇူးတော်ကိုခံစားရကြပါစေသော။ တိမောသေသြဝါဒစာပထမစောင်ပြီး၏။