၁ ပေ 1:16-22 BCL

16 ``ငါ​သည်​မြင့်​မြတ်​သန့်​ရှင်း​သည်​ဖြစ်​၍​သင် တို့​သည်​လည်း​မြင့်​မြတ်​သန့်​ရှင်း​ရ​မည်'' ဟူ သော​ကျမ်း​စ​ကား​ကို​အောက်​မေ့​ကြ​လော့။

17 ထို့​အ​ပြင်​လူ​ခပ်​သိမ်း​တို့​အား​မျက်​နှာ​ကြီး ငယ်​မ​လိုက်​ဘဲ​သူ​တို့​၏​အ​ကျင့်​အ​လျောက် တ​ရား​စီ​ရင်​တော်​မူ​တတ်​သော​ဘု​ရား​သ​ခင် ထံ​သို့​ဆု​တောင်း​ပတ္ထ​နာ​ပြု​သော​အ​ခါ သင် တို့​သည်​ကိုယ်​တော်​အား​အ​ဖ​ဟု​ခေါ်​လျက် ဆု​တောင်း​ပတ္ထ​နာ​ပြု​ကြ​၏။ သို့​ဖြစ်​၍​ဤ လော​က​တွင်​အ​သက်​ရှင်​သ​မျှ​ကာ​လ​ပတ် လုံး​ထို​အ​ရှင်​အား​ကြောက်​ရွံ့​ရို​သေ​ကြ လော့။-

18 မိ​မိ​တို့​ဘိုး​ဘေး​များ​ထံ​မှ​ဆက်​ခံ​ရ​ရှိ သော​အ​ချည်း​နှီး​သော​ဘ​ဝ​မှ​အ​ဘယ်​သို့ အ​ဖိုး​အ​ခ​ပေး​၍ သင်​တို့​အား​လွတ်​မြောက် စေ​ကြောင်း​ကို​သင်​တို့​သိ​ကြ​၏။ ထို​အ​ဖိုး အ​ခ​သည်​ရွှေ၊ ငွေ​အ​စ​ရှိ​သည့်​ဖောက်​ပြန် ပျက်​စီး​တတ်​သော​အ​ရာ​မ​ဟုတ်။-

19 အ​ပြစ်​အ​နာ​အ​ဆာ​ကင်း​စင်​သည့်​သိုး​သူ​ငယ် နှင့်​တူ​သော​ခ​ရစ်​တော်​၏​အ​သက်​တော်​ကို တင်​လှူ​ပူ​ဇော်​ခြင်း​ဖြစ်​ပေ​သည်။-

20 ဤ​ကမ္ဘာ​လော​က​မ​တည်​မ​ရှိ​မီ​က​ပင်​လျှင် ကိုယ်​တော်​အား​ဘု​ရား​သ​ခင်​ရွေး​ချယ်​သတ် မှတ်​တော်​မူ​ပြီး​လျှင်၊ ဤ​အ​ဆုံး​စွန်​သော ကာ​လ​များ​၌​သင်​တို့​၏​အ​ကျိုး​ငှာ​ထင် ရှား​ပေါ်​ထွန်း​စေ​တော်​မူ​၏။-

21 ကိုယ်​တော်​အား​သေ​ခြင်း​မှ​ရှင်​ပြန်​ထ​မြောက် စေ​၍ ဘုန်း​အ​သ​ရေ​ထွန်း​တောက်​စေ​တော်​မူ သော​ဘု​ရား​သ​ခင်​ကို​ထို​အ​ရှင်​အား​ဖြင့် သင်​တို့​ယုံ​ကြည်​ကြ​၏။ သို့​ဖြစ်​၍​သင်​တို့ သည်​ဘု​ရား​သ​ခင်​ကို​အ​မှီ​ပြု​လျက်​ယုံ ကြည်​ခြင်း​နှင့်​မျှော်​လင့်​ခြင်း​ရှိ​ကြ​၏။

22 သင်​တို့​သည်​သမ္မာ​တ​ရား​တော်​ကို​လိုက်​လျှောက် ကျင့်​သုံး​ကြ​ခြင်း​အား​ဖြင့် မိ​မိ​တို့​စိတ်​နှ​လုံး ကို​သန့်​စင်​စေ​ကြ​ပြီး​လျှင် အ​ချင်း​ချင်း​တစ် ယောက်​ကို​တစ်​ယောက်​အ​ကယ်​ပင်​ချစ်​ကြ​လေ ပြီ။ သို့​ဖြစ်​၍​သင်​တို့​အ​ချင်း​ချင်း​အား အ​စွမ်း​ရှိ​သ​မျှ​နှင့်​ချစ်​ကြ​လော့။-