22 သင်တို့သည်သမ္မာတရားတော်ကိုလိုက်လျှောက် ကျင့်သုံးကြခြင်းအားဖြင့် မိမိတို့စိတ်နှလုံး ကိုသန့်စင်စေကြပြီးလျှင် အချင်းချင်းတစ် ယောက်ကိုတစ်ယောက်အကယ်ပင်ချစ်ကြလေ ပြီ။ သို့ဖြစ်၍သင်တို့အချင်းချင်းအား အစွမ်းရှိသမျှနှင့်ချစ်ကြလော့။-
23 အဘယ်ကြောင့်ဆိုသော်သင်တို့သည်သေခြင်း တရားနှင့်ကင်းသောနိစ္စထာဝရအရှင်၏ သားသမီးများဖြစ်ကြပြီးအသက်ရှင်၍ ထာဝစဉ်တည်သောနှုတ်ကပတ်တော်အား ဖြင့်တစ်ဖန်မွေးဖွားလာသူများဖြစ်ကြပြီ။
24 ``လူသားအပေါင်းတို့သည်မြက်ပင်နှင့်လည်း ကောင်း၊သူတို့၏ဘုန်းအသရေသည်မြက်ပွင့် နှင့်လည်းကောင်းတူကြ၏။မြက်ပင်သည်ညှိုးနွမ်းခြောက်သွေ့၍သွားတတ်၏။မြက်ပွင့်များသည်လည်းကြွေ၍ကျတတ်၏။
25 ထာဝရဘုရား၏နှုတ်ကပတ်တော်မူကား ထာဝစဉ်တည်၏''ဟူ၍ကျမ်းစာ၌ဖော်ပြသည့်အတိုင်းဖြစ် သည်။ ထိုနှုတ်ကပတ်တော်ကားသင်တို့အား ကြေညာသည့်သတင်းကောင်းဖြစ်ပေသည်။