၁ ပေ 2:15-21 BCL

15 သင်​တို့​သည်​မိ​မိ​တို့​၏​အ​ကျင့်​ကောင်း​အား​ဖြင့် အ​သိ​ဉာဏ်​ကင်း​မဲ့​သည့်​လူ​မိုက်​တို့​၏​နှုတ်​ကို ပိတ်​ရန်​ဘု​ရား​သ​ခင်​အ​လို​တော်​ရှိ​တော်​မူ​၏။-

16 သင်​တို့​သည်​လွတ်​လပ်​သူ​များ​အ​နေ​ဖြင့်​ပြု​မူ နေ​ထိုင်​ကြ​လော့။ သို့​ရာ​တွင်​ဆိုး​ညစ်​မှု၊ တစ်​စုံ တစ်​ရာ​ကို​ဖုံး​ကွယ်​ရန်​အ​တွက်​မိ​မိ​တို့​၏ လွတ်​လပ်​မှု​ကို​အ​သုံး​မ​ပြု​ကြ​နှင့်။ သို့​ရာ တွင်​သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​ကျွန်​များ အ​ဖြစ်​ဖြင့်​ပြု​မူ​နေ​ထိုင်​ကြ​လော့။-

17 ခပ်​သိမ်း​သော​သူ​တို့​ကို​လေး​စား​ကြ​လော့။ ယုံ​ကြည် သူ​တို့​ကို​ချစ်​ကြ​လော့။ ဘု​ရား​သ​ခင်​ကို​ကြောက်​ရွံ့ ကြ​လော့။ ဘု​ရင်​ဧ​က​ရာဇ်​မင်း​အား​ရို​သေ​ကြ​လော့။

18 အ​စေ​ခံ​တို့၊ သင်​တို့​သည်​မိ​မိ​တို့​သ​ခင်​များ​၏ အုပ်​စိုး​ခြင်း​ကို​ဝန်​ခံ​ရ​ကြ​မည်။ စိတ်​ကောင်း​ရှိ​၍ ညှာ​တာ​ထောက်​ထား​တတ်​သော​သ​ခင်​များ​ကို သာ​မ​ဟုတ်၊ ကြမ်း​ယုတ်​သော​သ​ခင်​တို့​ကို လည်း​အ​လွန်​ကြောက်​ရွံ့​ရို​သေ​ကြ​လော့။-

19 သင်​တို့​သည်​ဘု​ရား​သ​ခင်​၏​အ​လို​တော်​ကို သိ​သ​ဖြင့် မိ​မိ​တို့​မ​ခံ​ထိုက်​သော​ဆင်း​ရဲ​ဒုက္ခ များ​ကို​မ​ညည်း​မ​ညူ​ဘဲ​ခံ​ကြ​ပါ​မူ ဘု​ရား သ​ခင်​သည်​သင်​တို့​အား​ကောင်း​ချီး​ပေး​တော် မူ​လိမ့်​မည်။-

20 သင်​တို့​သည်​မိ​မိ​တို့​ပြု​မိ​သည့်​အ​မှား​များ အ​တွက်​ခံ​ထိုက်​သော​အ​ပြစ်​များ​ကို​မ​ညည်း မ​ညူ​ဘဲ​ခံ​ကြ​ပါ​မူ သင်​တို့​အား​အ​ဘယ်​သို့ လျှင်​ချီး​မွမ်း​စ​ရာ​ရှိ​မည်​နည်း။ သို့​ရာ​တွင် အ​မှန်​ကို​ပြု​လျက်​ဒုက္ခ​ဆင်း​ရဲ​ကို​ခံ​ရ​သော အ​ခါ မ​ညည်း​မ​ညူ​ဘဲ​ခံ​ကြ​လျှင်​မူ​ကား ဘု​ရား​သ​ခင်​သည်​သင်​တို့​အား​ကောင်း​ချီး ပေး​တော်​မူ​လိမ့်​မည်။-

21 ဤ​နည်း​အ​တိုင်း​ပြု​မူ​စေ​ရန်​သင်​တို့​အား ကိုယ်​တော်​ရွေး​ကောက်​တော်​မူ​ခြင်း​ဖြစ်​ပေ သည်။ ခ​ရစ်​တော်​ကိုယ်​တိုင်​ပင်​လျှင်​သင်​တို့ အ​တွက်​ဒုက္ခ​ဝေ​ဒ​နာ​ခံ​တော်​မူ​၍ ခြေ​တော် ရာ​ကို​သင်​တို့​လိုက်​လျှောက်​နိုင်​စေ​ရန်​စံ​န​မူ နာ​ထား​ခဲ့​ပြီ။-