19 သင်တို့သည်ဘုရားသခင်၏အလိုတော်ကို သိသဖြင့် မိမိတို့မခံထိုက်သောဆင်းရဲဒုက္ခ များကိုမညည်းမညူဘဲခံကြပါမူ ဘုရား သခင်သည်သင်တို့အားကောင်းချီးပေးတော် မူလိမ့်မည်။-
20 သင်တို့သည်မိမိတို့ပြုမိသည့်အမှားများ အတွက်ခံထိုက်သောအပြစ်များကိုမညည်း မညူဘဲခံကြပါမူ သင်တို့အားအဘယ်သို့ လျှင်ချီးမွမ်းစရာရှိမည်နည်း။ သို့ရာတွင် အမှန်ကိုပြုလျက်ဒုက္ခဆင်းရဲကိုခံရသော အခါ မညည်းမညူဘဲခံကြလျှင်မူကား ဘုရားသခင်သည်သင်တို့အားကောင်းချီး ပေးတော်မူလိမ့်မည်။-
21 ဤနည်းအတိုင်းပြုမူစေရန်သင်တို့အား ကိုယ်တော်ရွေးကောက်တော်မူခြင်းဖြစ်ပေ သည်။ ခရစ်တော်ကိုယ်တိုင်ပင်လျှင်သင်တို့ အတွက်ဒုက္ခဝေဒနာခံတော်မူ၍ ခြေတော် ရာကိုသင်တို့လိုက်လျှောက်နိုင်စေရန်စံနမူ နာထားခဲ့ပြီ။-
22 ကိုယ်တော်သည်အပြစ်မကူး၊ မုသားကို လည်းအဘယ်အခါ၌မျှသုံးတော်မမူ။-
23 မိမိအားပုတ်ခတ်ပြောဆိုသောအခါတုံ့ပြန် ပုတ်ခတ်ပြောဆိုမှုပြုတော်မမူ။ ဝေဒနာခံ တော်မူရသောအခါခြိမ်းခြောက်တော်မမူဘဲ ဖြောင့်မှန်စွာတရားစီရင်တော်မူသောဘုရား သခင်၏လက်တော်သို့မိမိ၏အမှုကိုအပ် တော်မူ၏။-
24 ငါတို့သည်အပြစ်ဒုစရိုက်ကိုအမြစ်ဖြတ် ၍ဖြောင့်မတ်ခြင်းအတွက်အသက်ရှင်နိုင် ကြစေရန် ကိုယ်တော်တိုင်ပင်လျှင်ငါတို့၏ အပြစ်များကိုကိုယ်ခန္ဓာတော်ပေါ်တွင်ယူ ဆောင်ကာလက်ဝါးကပ်တိုင်၌ဒုက္ခဝေဒနာ ခံတော်မူ၏။ ငါတို့သည်ကိုယ်တော်၏ဒဏ်ရာ ဒဏ်ချက်များအားဖြင့်အနာပျောက်လျက် ရှိကြ၏။-
25 သင်တို့သည်သိုးများကဲ့သို့လမ်းလွဲခဲ့ကြ သော်လည်း ယခုအခါ၌သင်တို့၏ဝိညာဉ် တို့ကိုထိန်းသိမ်းစောင့်ရှောက်တော်မူသော အရှင့်သိုးထိန်းကြီးထံသို့ပြန်လည်ရောက် ရှိကြလေပြီ။