၁ ပေ 2:21-25 BCL

21 ဤ​နည်း​အ​တိုင်း​ပြု​မူ​စေ​ရန်​သင်​တို့​အား ကိုယ်​တော်​ရွေး​ကောက်​တော်​မူ​ခြင်း​ဖြစ်​ပေ သည်။ ခ​ရစ်​တော်​ကိုယ်​တိုင်​ပင်​လျှင်​သင်​တို့ အ​တွက်​ဒုက္ခ​ဝေ​ဒ​နာ​ခံ​တော်​မူ​၍ ခြေ​တော် ရာ​ကို​သင်​တို့​လိုက်​လျှောက်​နိုင်​စေ​ရန်​စံ​န​မူ နာ​ထား​ခဲ့​ပြီ။-

22 ကိုယ်​တော်​သည်​အ​ပြစ်​မ​ကူး၊ မု​သား​ကို လည်း​အ​ဘယ်​အ​ခါ​၌​မျှ​သုံး​တော်​မ​မူ။-

23 မိ​မိ​အား​ပုတ်​ခတ်​ပြော​ဆို​သော​အ​ခါ​တုံ့​ပြန် ပုတ်​ခတ်​ပြော​ဆို​မှု​ပြု​တော်​မ​မူ။ ဝေ​ဒ​နာ​ခံ တော်​မူ​ရ​သော​အ​ခါ​ခြိမ်း​ခြောက်​တော်​မ​မူ​ဘဲ ဖြောင့်​မှန်​စွာ​တ​ရား​စီ​ရင်​တော်​မူ​သော​ဘု​ရား သ​ခင်​၏​လက်​တော်​သို့​မိ​မိ​၏​အ​မှု​ကို​အပ် တော်​မူ​၏။-

24 ငါ​တို့​သည်​အ​ပြစ်​ဒု​စ​ရိုက်​ကို​အ​မြစ်​ဖြတ် ၍​ဖြောင့်​မတ်​ခြင်း​အ​တွက်​အ​သက်​ရှင်​နိုင် ကြ​စေ​ရန် ကိုယ်​တော်​တိုင်​ပင်​လျှင်​ငါ​တို့​၏ အ​ပြစ်​များ​ကို​ကိုယ်​ခန္ဓာ​တော်​ပေါ်​တွင်​ယူ ဆောင်​ကာ​လက်​ဝါး​ကပ်​တိုင်​၌​ဒုက္ခ​ဝေ​ဒ​နာ ခံ​တော်​မူ​၏။ ငါ​တို့​သည်​ကိုယ်​တော်​၏​ဒဏ်​ရာ ဒဏ်​ချက်​များ​အား​ဖြင့်​အ​နာ​ပျောက်​လျက် ရှိ​ကြ​၏။-

25 သင်​တို့​သည်​သိုး​များ​ကဲ့​သို့​လမ်း​လွဲ​ခဲ့​ကြ သော်​လည်း ယ​ခု​အ​ခါ​၌​သင်​တို့​၏​ဝိ​ညာဉ် တို့​ကို​ထိန်း​သိမ်း​စောင့်​ရှောက်​တော်​မူ​သော အ​ရှင့်​သိုး​ထိန်း​ကြီး​ထံ​သို့​ပြန်​လည်​ရောက် ရှိ​ကြ​လေ​ပြီ။