10 အောက်ပါကျမ်းစာတော်အရဖော်ပြသည် နှင့်အညီဖြစ်သည်။``မိမိဘဝကိုချစ်မြတ်နိုး၍စီးပွားချမ်း သာကို အလိုရှိသူသည်၊မိမိ၏လျှာကိုမညစ်ညမ်းစေရန်ထိန်းသိမ်း ရမည်။မိမိနှုတ်ကိုလည်းလိမ်လည်လှည့်ဖြားမှုနှင့် ကင်းစေရမည်။
11 သူသည်ဒုစရိုက်ကိုရှောင်ရှားလျက် သုစရိုက်ကိုပြုရမည်။ငြိမ်းချမ်းမှုအတွက်အစွမ်းကုန်ကြိုးပမ်း ရမည်။
12 အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည်ဖြောင့်မတ်သူတို့အား၊ကြည့်ရှုစောင့်ရှောက်တော်မူ၍သူတို့၏ဆုတောင်းပတ္ထနာများကို၊ နားညောင်းတော်မူသောကြောင့်တည်း။သို့ရာတွင်ဒုစရိုက်ပြုသူတို့ထံမှ မျက်နှာလွှဲတော်မူ၏။''
13 သို့ဖြစ်၍သုစရိုက်တရားကိုသင်တို့ခုံမင် စွဲလမ်းကြပါမူအဘယ်သူသည်သင်တို့အား ဘေးသင့်စေနိုင်မည်နည်း။-
14 သို့ရာတွင်အကယ်၍သင်တို့သည်အမှန်တရား ကိုကျင့်သုံးမှုကြောင့်ဒုက္ခဆင်းရဲခံရသော်မင်္ဂ လာရှိကြ၏။ မည်သူအားမျှမကြောက်ကြနှင့်။ မစိုးရိမ်ကြနှင့်။-
15 သို့ရာတွင်သင်တို့စိတ်နှလုံးတွင်ခရစ်တော် ကိုရိုသေကိုင်းရှိုင်း၍အရှင်သခင်အဖြစ်ဖြင့် ခံယူကြလော့။ သင်တို့ခံယူရရှိသည့်မျှော် လင့်ချက်အကြောင်းကိုစစ်ဆေးမေးမြန်းလာ သူအားအချိန်မရွေးရှင်းလင်းဖော်ပြရန် အသင့်ရှိကြလော့။-
16 သို့ရာတွင်သိမ်မွေ့ရိုသေစွာဖြေကြားကြလော့။ သင်တို့အားမတရားဝေဖန်၍စော်ကားပြောဆို သူတို့သည် ခရစ်တော်၏တပည့်များအနေဖြင့် သင်တို့ပြုမူပုံကောင်းမွန်သင့်မြတ်သည်ကိုမြင် ၍အရှက်ရကြစေရန် သင်တို့၏သြတ္တပ္ပစိတ် ကိုကြည်လင်စေကြလော့။-