၁ ပေ 3:12-18 BCL

12 အ​ဘယ်​ကြောင့်​ဆို​သော်​ထာ​ဝ​ရ​ဘု​ရား​သည်ဖြောင့်​မတ်​သူ​တို့​အား၊ကြည့်​ရှု​စောင့်​ရှောက်​တော်​မူ​၍သူ​တို့​၏​ဆု​တောင်း​ပတ္ထ​နာ​များ​ကို၊ နား​ညောင်း​တော်​မူ​သော​ကြောင့်​တည်း။သို့​ရာ​တွင်​ဒု​စ​ရိုက်​ပြု​သူ​တို့​ထံ​မှ မျက်​နှာ​လွှဲ​တော်​မူ​၏။''

13 သို့​ဖြစ်​၍​သု​စ​ရိုက်​တ​ရား​ကို​သင်​တို့​ခုံ​မင် စွဲ​လမ်း​ကြ​ပါ​မူ​အ​ဘယ်​သူ​သည်​သင်​တို့​အား ဘေး​သင့်​စေ​နိုင်​မည်​နည်း။-

14 သို့​ရာ​တွင်​အ​ကယ်​၍​သင်​တို့​သည်​အ​မှန်​တ​ရား ကို​ကျင့်​သုံး​မှု​ကြောင့်​ဒုက္ခ​ဆင်း​ရဲ​ခံ​ရ​သော်​မင်္ဂ လာ​ရှိ​ကြ​၏။ မည်​သူ​အား​မျှ​မ​ကြောက်​ကြ​နှင့်။ မ​စိုး​ရိမ်​ကြ​နှင့်။-

15 သို့​ရာ​တွင်​သင်​တို့​စိတ်​နှ​လုံး​တွင်​ခ​ရစ်​တော် ကို​ရို​သေ​ကိုင်း​ရှိုင်း​၍​အ​ရှင်​သ​ခင်​အ​ဖြစ်​ဖြင့် ခံ​ယူ​ကြ​လော့။ သင်​တို့​ခံ​ယူ​ရ​ရှိ​သည့်​မျှော် လင့်​ချက်​အ​ကြောင်း​ကို​စစ်​ဆေး​မေး​မြန်း​လာ သူ​အား​အ​ချိန်​မ​ရွေး​ရှင်း​လင်း​ဖော်​ပြ​ရန် အ​သင့်​ရှိ​ကြ​လော့။-

16 သို့​ရာ​တွင်​သိမ်​မွေ့​ရို​သေ​စွာ​ဖြေ​ကြား​ကြ​လော့။ သင်​တို့​အား​မ​တ​ရား​ဝေ​ဖန်​၍​စော်​ကား​ပြော​ဆို သူ​တို့​သည် ခ​ရစ်​တော်​၏​တ​ပည့်​များ​အ​နေ​ဖြင့် သင်​တို့​ပြု​မူ​ပုံ​ကောင်း​မွန်​သင့်​မြတ်​သည်​ကို​မြင် ၍​အ​ရှက်​ရ​ကြ​စေ​ရန် သင်​တို့​၏​သြ​တ္တပ္ပ​စိတ် ကို​ကြည်​လင်​စေ​ကြ​လော့။-

17 သု​စ​ရိုက်​ကို​ပြု​သ​ဖြင့်​ဆင်း​ရဲ​ဒုက္ခ​ရောက်​ခြင်း သည်​ဘု​ရား​သ​ခင်​၏​အလို​တော်​အ​ရ​ဖြစ်​လျှင် ယင်း​သည်​ဒု​စ​ရိုက်​ကို​ပြု​ခြင်း​ထက်​ပို​၍ ကောင်း​၏။-

18 အ​ဘယ်​ကြောင့်​ဆို​သော်​ခ​ရစ်​တော်​ကိုယ်​တိုင် ပင်​လျှင် ငါ​တို့​၏​အ​ပြစ်​များ​အ​တွက်​အ​ပြီး အ​ပိုင်​အ​သေ​ခံ​တော်​မူ​ခဲ့​သော​ကြောင့်​ဖြစ်​၏။ ကိုယ်​တော်​သည်​သူ​တော်​စင်​ဖြစ်​တော်​မူ​၍​မ​သူ တော်​တို့​အ​တွက်​အ​သေ​ခံ​တော်​မူ​လေ​ပြီ။ ယင်း သို့​ပြု​တော်​မူ​ခြင်း​မှာ​သင်​တို့​အား​ဘု​ရား သ​ခင်​ထံ​တော်​သို့​ပို့​ဆောင်​ပေး​ရန်​ပင်​ဖြစ်​၏။ ကိုယ်​တော်​သည်​ကိုယ်​ခန္ဓာ​အား​ဖြင့်​အ​သေ သတ်​ခြင်း​ကို​ခံ​ရ​သော်​လည်း​ဝိ​ညာဉ်​အား ဖြင့်​အ​သက်​ပြန်​၍​ရှင်​တော်​မူ​၏။-