၁ ယော 1:1-5 BCL

1 အ​သက်​တော်​တည်း​ဟူ​သော​နှုတ်​က​ပတ်​တော် အ​ကြောင်း​ကို​ငါ​တို့​စာ​ရေး​လိုက်​၏။ ထို​နှုတ် က​ပတ်​တော်​သည်​အ​စ​မူ​လ​က​တည်း​က​ပင် ရှိ​နေ​တော်​မူ​ခဲ့​၏။ ထို​နှုတ်​က​ပတ်​တော်​ကို ငါ​တို့​ကြား​ခဲ့​ကြ​၏။ ငါ​တို့​ကိုယ်​တိုင်​မျက်​စိ ဖြင့်​မြင်​ခဲ့​ကြ​၏။ ငါ​တို့​လက်​ဖြင့်​စမ်း​သပ် ကြည့်​ရှု​ခဲ့​ကြ​၏။-

2 ထို​အ​သက်​တော်​ပေါ်​လွင်​ထင်​ရှား​ခဲ့​စဉ်​က ငါ​တို့​မြင်​ရ​ကြ​၏။ သို့​ဖြစ်​၍​ယင်း​၏​အ​ကြောင်း ကို​ငါ​တို့​ဟော​ပြော​ကြ​၏။ ခ​မည်း​တော်​နှင့် အ​တူ​ရှိ​တော်​မူ​ခဲ့​သည့်​အ​သက်​တော်​သည် ငါ​တို့​တွင်​ပေါ်​လွင်​ထင်​ရှား​ခဲ့​သ​ဖြင့် ငါ​တို့ သည်​ထို​အ​သက်​တော်​အ​ကြောင်း​ကို​သင်​တို့ အား​ဖော်​ပြ​ကြေ​ညာ​ကြ​၏။-

3 ငါ​တို့​သည်​ခ​မည်း​တော်​နှင့်​လည်း​ကောင်း၊ ကိုယ်​တော်​၏​သား​တော်​ယေ​ရှု​ခ​ရစ်​နှင့်​လည်း ကောင်း၊ မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​ကြ​သည်​ဖြစ်​ရာ သင်​တို့​သည်​လည်း ငါ​တို့​နှင့်​အ​တူ​ထို​မိတ် သ​ဟာ​ယ​တွင်​ပါ​ဝင်​ခွင့်​ကို​ရ​ရှိ​ကြ​စေ​ရန် ငါ​တို့​တွေ့​မြင်​ကြား​သိ​ခဲ့​ရ​သည့်​အ​မှု အ​ရာ​ကို​သင်​တို့​အား​ဖော်​ပြ​၏။-

4 ငါ​တို့​သည်​ရွှင်​လန်း​ဝမ်း​မြောက်​မှု​ကို​အ​ပြည့် အ​ဝ​ခံ​စား​နိုင်​ကြ​စေ​ရန် ဤ​အ​ကြောင်း အ​ရာ​များ​ကို​စာ​ရေး​လိုက်​သည်။

5 ဘု​ရား​သ​ခင်​သည်​အ​လင်း​ဖြစ်​တော်​မူ​၏။ ကိုယ်​တော်​၌​အ​မှောင်​လုံး​ဝ​မ​ရှိ​ဟူ​သော တ​ရား​စ​ကား​ကို ငါ​တို့​သည်​ကိုယ်​တော်​၏ သား​တော်​ထံ​မှ​ကြား​သိ​ရ​သ​ဖြင့်​သင်​တို့ အား​ကြေ​ညာ​၏။-